Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကိုမိုရိုနိုင်ငံ သမ္မတ တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ကိုမိုရိုနိုင်ငံ သမ္မတ Azali Assoumani (ဝဲ) တို့ ပေကျင်းမြို့၌ စက်တင်ဘာ ၁ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ကိုမိုရိုနိုင်ငံ သမ္မတ Azali Assoumani နှင့် စက်တင်ဘာ ၁ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက တရုတ်နိုင်ငံသည် ကိုမိုရိုနိုင်ငံ နှင့် ပထမဆုံး သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး သည် အဆင်ပြေချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ ယင်းသို့ဖွံ့ဖြိုးမှုသည် နိုင်ငံကြီး နှင့် နိုင်ငံငယ်များအကြား သာတူညီမျှ ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ပြသည့် ပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် FOCAC ဖိုရမ် နှင့် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တို့၏ မူဘောင်အတွင်းရှိ နယ်ပယ်အားလုံး၌ ကိုမိုရိုနိုင်ငံ နှင့် လေးနက်စွာပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်မြှင့်တင်သွားရန် ရှီကပြောကြားခဲ့သည်။Azali က ကိုမိုရိုနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးနက်စွာ ထောက်ခံသွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာ အရေးကိစ္စများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံမှုများနှင့် ပတ်သက်၍ ပြောကြားသွားခဲ့သည်။၎င်း က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုတင်သွင်းသည့် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုအား ထောက်ခံအလေးထားပါကြောင်း၊ ယင်း အကောင်အထည်ဖော်မှုသည် အာဖရိက နှင့် တရုတ်နိုင်ငံတို့အတွက် win-win ပူးပေါင်းဆောင်ရွက်မှု များရရှိရန် ကူညီဆောင်ရွက်ပေးနိုင်မည် ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲအပြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား နှစ်နိုင်ငံ သမ္မတများ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117