Connect with us

Politics, Law & Military

CPC ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ခေတ်သစ်ပိုးလမ်းမကြီးအား ထည့်သွင်းပြဋ္ဌာန်း

၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်မှု အတွက်တွန်းအားတစ်ခု ထည့်သွင်းပြဋ္ဌာန်းခဲ့ကြောင်း အောက်တိုဘာ ၂၄ရက်တွင် ကျင်းပသည့် ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုအရသိရသည်။

ဆုံးဖြတ်ချက်အရ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ပါဝင်လာရန် ဆောင်ရွက်ခြင်းတို့ဖြင့် တိုးတက်ကြီးပွားမှုကို အောင်မြင်စွာမျှဝေနိုင်သည့် မူဝါဒ ကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းရေးဆွဲရန် အမျိုးသားညီလာခံက သဘောတူခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အဆိုတင်သွင်းခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု သည် အာရှကို ခေတ်ဟောင်းပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် နှင့် ပြင်ပရှိ ဥရောပ၊ အာဖရိက တို့နှင့် ချိန်ဆက်ကာ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကွန်ရက်တစ်ခု တည်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုသည် စီးပွားရေးပိုးလမ်းမ နှင့် ၂၁ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတို့ကို ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.