Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောပါဝင်သည့် ရေတပ်သင်္ဘောအုပ်စု အနောက်ပစိဖိတ်ဒေသတွင် လေ့ကျင့်မှုပြုလုပ်

တရုတ်နိုင်ငံ ရေတပ်မတော်မှ လေယာဉ်တင်သင်္ဘော လျောင်းနင် အားတွေ့ ရစဉ်(ဆင်ဟွာ)

ABOARD LIAONING AIRCRAFT CARRIER ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်မတော်မှ လေယာဉ်တင်သင်္ဘော လျောင်းနင် (Liaoning) ပါဝင်သည့် ရေတပ်သင်္ဘောအုပ်စုတစ်ခုသည် အနောက်ပစိဖိတ်ဒေသ၌ ဧပြီ ၂ဝရက်တွင် ရေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေ့ကျင့်မှုအစီအစဉ်အတွင် ဒုံးကျည်ဖျက်ဆီးရေးစနစ်များ ၊ J-15 တိုက်လေယာဉ်များ ၊ ရေယာဉ်ပေါ်ဆင်းသတ်နိုင်သည့် ရဟတ်ယာဉ်များ ပါဝင်ကာ ပင်လယ်ပြင် ရေတပ်အုပ်စု စုပေါင်းလေ့ကျင့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းလေ့ကျင့်မှုသည် တရုတ်ရေတပ်၏ တစ်နှစ်တာ လေ့ကျင့်မှုများ အစီအစဉ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း တရုတ်ရေတပ်လေ့ကျင့်ရေးဌာန ဒုတိယအကြီးအကဲ Zhu Weiguo ကပြောကြားခဲ့သည်။

ပင်လယ်ပြင်ထဲတွင် လေယာဉ်တင်သင်္ဘော နှင့် စစ်သင်္ဘောများ ပူးတွဲလေ့ကျင့်ရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း ၊ ခုခံကာကွယ်ရေး နှင့် တိုက်ခိုက်ရေး ပုံစံများကို လေ့ကျင့်ခဲ့ကြောင်း နှင့် ရည်မှန်းချက်ပြည့်ဝခဲ့ကြောင်း ရေတပ်အုပ်စုအကြီးအကဲ Gao Zhaorui က ဆိုသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောပါဝင်သော စစ်ရေယာဉ်အုပ်စုလေ့ကျင့်မှုသည် စစ်ဆင်ရေးအတွင်း ရှာဖွေရေး လုပ်ဆောင်ရာတွင် အကူအညီပေးရန် နှင့် စစ်ဆင်ရေးကို စွမ်းရည်ပြည့်ဝပြီး စနစ်ကျစွာလုပ်ဆောင်နိုင်ရန် တိုးမြင့်စေကြောင်း နှင့် ဒေသတွင်း တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် ဖြစ်ကြောင်း Zhu က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.