Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လစ်သူယေးနီးယားနိုင်ငံသမ္မတ တို့တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ)နှင့် လစ်သူယေးနီးယားနိုင်ငံသမ္မတ Dalia Grybauskaite (Dmitry Medvedev) (ဝဲ) တို့ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်လာသော လစ်သူယေးနီးယားနိုင်ငံသမ္မတ Dalia Grybauskaite နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက အရေးပါသော ဘောလ်တစ်ပင်လယ်မှ နိုင်ငံတစ်နိုင်ငံဖြစ်သော လစ်သူယေးနီးယားနိုင်ငံ နှင့် ဆက်ဆံရေးကို တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားပါကြောင်း၊ ထို့ပြင် လစ်သူယေးနီးယားနိုင်ငံသည် တရုတ်နိုင်ငံ ၏ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းမှ အရေးပါသော မိတ်ဖက်တစ်ဦးဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် နက်ရှိုင်းသော အပြန်အလှန်ယုံကြည်မှု ကို ဆုပ်ကိုင်ထားသင့်ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဓိကကျသော အကျိုးစီးပွားများကို လေးစားစောင့်ရှောက်သင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံ စလုံးသည် ပြည်သူအချင်းချင်း ဖလှယ်မှုကို ကျယ်ပြန့်အောင်ဆောင်ရွက်ပေးသင့်ကြောင်း၊ ပုဂ္ဂလိက ဆိုင်ရာဖလှယ်မှုကို မြှင့်တင်ပြီး ပြည်တွင်းအဆင့် တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်ကြောင်း၊ နိုင်ငံပေါင်းစုံဆက်ဆံရေး ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပွင့်လင်းမြင်သာသည့် ကမ္ဘာ့စီးပွားရေးပုံစံတစ်ခု နှင့် လူသားမျိုးနွယ် အတွက် အနာဂတ်မျှဝေသည့် အသိုင်းအဝန်းတစ်ခုကို တည်ဆောက်သင့်ကြောင်းပြောကြားခဲ့သည်။

Grybauskaite က လစ်သူယေးနီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို လေးစားအားကျပါကြောင်း၊ လက်ရှိအခြေအနေများအောက်တွင် မဟာဗျူဟာမြောက်လုပ်ဆောင်မှုဖြစ်သည့် CIIE နှင့် ပတ်သက်၍လည်း ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏တံခါးအား ပိတ်လိမ့်မည်မဟုတ်ဘဲ နိုင်ငံအားလုံးအတွက် ကောင်းမွန်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ထပ်မံပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.