Connect with us

Politics, Law & Military

တရုတ်-အမေရိကန် ဒုတိယအကြိမ် သံတမန် နှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို ဝါရှင်တန်မြို့၌ ကျင်းပမည်

တရုတ်နိုင်ငံအလံ နှင့် အမေရိကန်ပြည်ထောင်စုအလံ အား ယှဉ်တွဲလျက် တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ၎င်းတို့၏ ဒုတိယအကြိမ် သံတမန် နှင့် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်တွင် အမေရိကန်နိုင်ငံဝါရှင်တန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ရင်က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) နိုင်ငံရေးပေါ်လစ်ဗျူရိုအဖွဲ့ဝင် နှင့် CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi) သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိန်းမက်တစ် တို့နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟွာက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe လည်း တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် နှစ်ဖက်အမြင်များကို ဖလှယ်သွားကြမည်ဖြစ်ကြောင်း နှင့် ဘုံသက်ဆိုင်မှုရှိသည့် အရေးကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.