Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တွင် ဆန်မှောင်ခိုဂိုဏ်း တစ်ခု အား ဖြိုခွဲ

မှောင်ခိုတင်သွင်းလာသည့် ဆန်အိတ်များအား တရုတ်အာဏာပိုင်များက စစ်ဆေးနေစဉ် (ဓါတ်ပုံ- အင်တာနက်)

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ် တွင် အကောက်ခွန် အာဏာပိုင်များ က ဆန်မှောင်ခိုသမားများပါဝင်သည့် ဂိုဏ်းတစ်ခု အား ဖမ်းဆီးဖြိုခွဲခဲ့ကြောင်း အကောက်ခွန် အထွေထွေ စီမံခန့်ခွဲရေးဋ္ဌာန က မေ ၂၄ တွင် ပြောကြားသည်။

အဆိုပါ မှောင်ခိုဂိုဏ်းသည် ဗီယက်နမ်နိုင်ငံ မှ ထွက်ရှိသည့် ဆန် တန်ချိန်ပေါင်း ၅၀,၀၀၀ ကျော်ကို ၂၀၁၃ခုနှစ် ကတည်းက မှောင်ခို တင်သွင်းခဲ့ပြီး အခွန်ငွေ တရုတ်ယွမ် ၁၂၃သန်း (အမေရိကန်ဒေါ်လာ ၁၉ သန်း) တိမ်းရှောင် ခဲ့ကြောင်း စီမံခန့်ခွဲရေးဋ္ဌာန၏ အင်တာနက် စာမျက်နှာ ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထား သည်။
မှောင်ခိုဂိုဏ်းသား ၁၄ဦးကိုလည်း လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မှောင်ခိုတင်သွင်းမှုသည် ပြည်တွင်းဈေးကွက်အား နှောင့်ယှက်ပျက်ပြားစေပြီး ကောက်ပဲသီးနှံဆိုင်ရာ လုံခြုံရေး ကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်ကြောင်း သိရသည်။
အကောက်ခွန် အာဏာပိုင်များသည် ကောက်ပဲသီးနှံများ နှင့် အေးခဲအသားများ အပါအဝင် လယ်ယာထွက် ပစ္စည်းများ မှောင်ခိုတင်သွင်းမှု ကို အထူးကြပ်မတ် လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.