Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန်က တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရသည့် Moon Jae in အား ဂုဏ်ပြု

တောင်ကိုရီးယားသမ္မတ သစ် Moon Jae in အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် Moon Jae-in အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ယနေ့(မေလ ၁ဝ ရက်)တွင် ဂုဏ်ပြုစကားဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားတွင် သမ္မတရှီက တရုတ်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် လွန်ခဲ့သော ၂၅ နှစ်ကတည်းက အရေးကြီးသော အိမ်နီးချင်းနိုင်ငံများအဖြစ် ရပ်တည်လာခဲ့ကြောင်း ၊ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက် ကြိုးပမ်းခဲ့သည့် နှစ်ဖက် အဆင့်မြင့် အရာရှိအားလုံးကို ကျေးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ဖက်အပြန်အလှယ်ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံပြည်သူများအကြား ခိုင်မာသည့်အကျိုးစီးပွား နှင့် မှတ်ကျောက်တင်မည့် ရလဒ်ကောင်းများကို နယ်ပယ်အစုံတွင် ထွက်ပေါ်စေခဲ့ကြောင်း ၊ ဒေသတွင်းတည်ငြိမ်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပေါင်းလက္ခဏာဆောင်သည့် ပူးပေါင်းပါဝင်များလည်း ပါဝင်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်အပြန်အလှန်လေးစားမှု နှင့် ယုံကြည်မှုကို အခြေခံ၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ကတိကဝတ်ပြုကြောင်း ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ၊ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရေး နှင့် မတူကွဲပြားမှုကို သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်သွားရေး ၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကောင်းမွန်စေရေးတို့အတွက် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မေလ ၉ ရက်က ကျင်းပခဲ့သော တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် Moonက မဲအပြတ်အသတ်ဖြင့် အနိုင်ရကြောင်းကို တောင်ကိုရီးယားအမျိုးသားရွေးကောက်ပွဲကော်မရှင် (NEC) က မေလ ၁ဝ ရက်တွင် နောက်ဆုံးအပြီးသတ် ရလဒ်များကို ထုတ်ပြန်သွားရန် ရှိနေသည်။

NEC ပြောကြားချက်အရ Moon သည် ဆန္ဒမဲပေါင်း ၃၂၈၀၇၉၀၈ မဲ အနက် ၁၃၄၂၃၈၀၀ မဲ (သို့မဟုတ်) ဆန္ဒမဲအားလုံး၏ ၄၁.၀၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ၊ အဓိက ပြိုင်ဖက်နှစ်ဦးကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.