Connect with us

Politics, Law & Military

ခေတ်သစ် ပိုးလမ်းမကြီးရှိ နိုင်ငံများနှင့် တရုတ် ကုန်သွယ်မှု ယွမ် ၂၀ ထရီလီယံရှိခဲ့

တရုတ်နိုင်ငံတွင် ပြေးဆွဲနေသည့် မြန်နှုန်းမြင့် ရထားတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း ယွမ် ၂၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ ထရီလီယံ) ခန့် ရှိခဲ့ကြောင်း အရာရှိ တစ်ဦးက မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“တိုးတက်မှုက ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထက် ပိုပြီး မြန်ခဲ့တယ်” ဟု ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် စီးပွားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး Qian Keming က ပြောသည်။

တရုတ်နိုင်ငံသည် ခေတ်သစ် ပိုးလမ်းမကြီး နိုင်ငံများ၌ ပြည်ပ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၅၆ ခု ပူးတွဲ တည်ထောင်ထားပြီး ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း၊ အရင်းအမြစ်များ သုံးစွဲခြင်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ စီးပွားဖြစ် ထောက်ပံ့သယ်ပို့လုပ်ငန်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်ကို မေလ ၁၄ ရက်နှင့် ၁၅ ရက်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။

နိုင်ငံပေါင်း ၁၃၀ မှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ငွေကြေးအဖွဲ့ကိုယ်စားလှယ်များနှင့် မီဒီယာ အဖွဲ့အစည်းများအပါအဝင် ကိုယ်စားလှယ် ၁၅၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၇၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။

ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှု (Belt & Road Initiative) သည် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံပေါင်းများစွာမှတစ်ဆင့် အာရှ၊ အာဖရိကနှင့် ဥရောပအကြား ဆက်သွယ်မှုများ ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.