Connect with us

Politics, Law & Military

တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲအခမ်းအနားအား နှစ်နိုင်ငံ ခေါင်းဆောင်အတူ သက်သေထူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် ဗွီဒီယိုဆက်သွယ်ပြောကြားစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မ ပူတင်တို့သည် ဒီဇင်ဘာ ၂ ရက်က ဗွီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အတူ သက်သေထူခဲ့ကြောင်း သိရသည်။

ထိုသို့ဆက်သွယ်ပြောကြားရာတွင် သမ္မတ ရှီက  ဓါတ်ငွေ့ပိုက်လိုင်းဖွင့်လှစ်အသုံးပြုနိုင်သည့်အတွက် ဂုဏ်ပြုဝမ်းသာစကားပြောကြားခဲ့ပြီး နှစ်နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းတွင် အကျိုးထမ်းဆောင်ပါဝင်ဆောင်ရွက်သူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အရှေ့လမ်းကြောင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် တရုတ်-ရုရှား စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု၏ အမှတ်သင်္ကေတ စီမံကိန်းဖြစ်သလို နှစ်နိုင်ငံ နက်ရိုင်းစွာအပြန်အလှန်ဆက်သွယ်မှု၊ပူးပေါင်းဆောင်ရွက်မှု၏အကျိုးတူ ဖြစ်ထွန်းမှု စံပြတစ်ခုဖြစ်ကြောင်း  သမ္မတရှီက ဆိုသည်။

၂၀၁၄ခုနှစ်တွင် အဆိုပါစီမံကိန်းပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်ကို သမ္မတ ပူတင်နှင့်အတူ သက်သေထူခဲ့ကြောင်း ၊ ယခုလို ဓါတ်ငွေ့ပိုက်လိုင်းဖွင့်လှစ် အသုံးပြနိုင်ခြင်းသည် အရေးပါသည့် အောင်မြင်မှုရလဒ်ဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုအသစ်၏အစခြေလှမ်းလည်းဖြစ်ကြောင်း ၊ အန္တရာယ်ကင်း အစိမ်းရောင်  ဖွံ့ဖြိုးရေး၊ ချစ်ကြည်ရေး ဓါတ်ငွေ့ပိုက်လိုင်းဖြစ်စေရန် နှစ်ဖက်အတူတည်ဆောက်သွားရမည်ဖြစ်ပြီး ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုနှင့် ပို့ဆောင်ရေးတွင် လုံခြုံစိတ်ချမှုရှိစေရန် အစွမ်းကုန် အာမခံဆောင်ရွက်သွားကာ ပိုက်လိုင်းတစ်လျှောက်ဒေသများ လူမှုစီးပွား ရေရှည်တိုးတက်စေရန် တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ရုရှား သံတမန်ဆက်ဆံရေးထားရှိသည့် နှစ် ၇၀ ပြည့်နှစ်ဖြစ်ရာ သမ္မတ ပူတင်နှင့်အတူ နှစ်နိုင်ငံ ခေတ်သစ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးစေရန် အတူကြေညာခဲ့ပြီး တရုတ်-ရုရှားဆက်ဆံရေးကို သံတမန်ဦးစားပေးဆက်ဆံရေး အဖြစ် ဆက်လက်ဆောင်ရွက်ရန် အတူ ဆုံးဖြတ်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုနှင့် ကဏ္ဍစုံပူးပေါင်းဆောက်ရွက်မှုများကိုမပြောင်းမလဲ ထဲထဲဝင်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်-ရုရှားနှစ်နိုင်ငံသည် နိုင်ငံဖွံ့ဖြိုးရေး အရေးကြီးကာလတွင်ရှိရာ ခေတ်သစ်ဆက်ဆံရေးသို့လျှောက်လှမ်းနေပြီဖြစ်ကြောင်း ၊ အရှေ့လမ်းကြောင်း ရေနံပိုက်လိုင်းကဲ့သို့ အဓိကစီမံကိန်းများ ပိုမိုဆောင်ရွက်သွားနိုင်ရန် နှစ်ဖက်အတူလက်တွဲကြိုးပမ်းဆောင်ရွက်သွားကာ နှစ်နိုင်ငံပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) 

ရုရှားနိုင်ငံ သမ္မတ ပူတင်အား တွေ့ရစဉ်(ဆင်ဟွာ)

သမ္မတ ပူတင်ကလည်း တရုတ်-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ကာလတွင်  သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်နိုင်ခြင်းသည် သမိုင်းဝင်အနက်အဓိပ္ပါယ်ဆောင်ရာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်တို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ၂၀၁၄ ခုနှစ်တွင် သမ္မတ ရှီနှင့်အတူ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းကို သက်သေပြုခဲ့ကြောင်း ၊ နှစ်ဖက်အတူ ဆိုးဝါးသည့်ရာသီဥတုဒဏ်ကို အန်တုကာ စီမံကိန်းကြီး အချိန်မီ ပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ကြောင်း ၊ လာမည့်နှစ် ၃၀ ကာလတွင် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ တစ် ထရီလီယံ ကုဗမီတာ  သဘာဝဓါတ်ငွေ့ တင်ပို့သွားမည်ဖြစ်ရာ ၂၀၂၄ ခုနှစ် ရုရှား-တရုတ် နှစ်ဖက်ကုန်သွယ်ရေးပမာဏကို အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ အထိ တိုးမြှင့်မည့် မိမိနှင့်  သမ္မတရှီ သဘောတူညီမှုရရှိခဲ့သော အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ  မှတ်ကျောက်တင် မဟာဗျူ‌မြောက်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်း သည် ရုရှားနိုင်ငံအရှေ့ဆိုက်ဘေးရီးယား မှစ၍ Blagoveshchenskကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟေးဟဲသို့ သွယ်တန်းထားခြင်းဖြစ်သည်။ ရုရှားနိုင်ငံအတွင်းပိုက်လိုင်း၏ စုစုပေါင်းအရှည်မှာ ကီလိုမီတာ ၃၀၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံတွင် အသစ်တည်ဆောက်ထားသည့် ပိုက်လိုင်း ၃၃၇၁ ကီလိုမီတာ ရှိကာ  တည်ဆောက်ပြီးပိုက်လိုင်း ၁၇၄၀ ကီလိုမီတာကို အသုံးပြုနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.