Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး က တရုတ်-အိန္ဒိယ မီဒီယာ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ဒီဇင်ဘာ ၂၁ ရက် တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တွင် ကျင်းပ ပြုလုပ်သည့် တတိယ အကြိမ်မြောက် တရုတ်-အိန္ဒိယ မီဒီယာ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြား ခဲ့သည်။

ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား တွင် ဝန်ကြီး ဝမ်ရိ က ဆွေးနွေးပွဲ ပြုလုပ်ခြင်း သည် တရုတ်-အိန္ဒိယ မီဒီယာ အပြန်အလှန် နားလည်မှု အတွက် လွန်းစွာ အရေးပါပြီး နှစ်နိုင်ငံ လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး အတွက် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခု ဖြစ်လာ ခဲ့ကြောင်း ၊ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် မီဒီယာ ဖလှယ်မှု ကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် ချစ်ကြည်ရင်းနှီးသော ပတ်ဝန်းကျင် တစ်ခု တည်ဆောက်ပေးကြရန် တိုက်တွန်းခဲ့ကြောင်း ၊ မိမိ တို့အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့ ထားရှိသည့် သဘောတူညီချက်အား ဘက်စုံလက်တွေ့ အကောင်အထည်ဖော် ရမည် ဖြစ်ပြီး မီဒီယာ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ မီဒီယာ ကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ အသီးသီး တို့ က တစ်ဖက်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ် ၊ လူမှုရေး နှင့် ယဉ်ကျေးမှု တို့အား ပိုမိုသိရှိနားလည်အောင် ဆောင်ရွက်သွားစေလိုပြီး တရုတ်-အိန္ဒိယ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ကို ကောင်းမွန်စွာ ဖြန့်ဝေပေးသွားလိုကြောင်း ၊ စစ်မှန်သည် တရုတ် နိုင်ငံ ၊ အိန္ဒိယ နိုင်ငံ နှင့် တရုတ်-အိန္ဒိယ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာမှု တို့ကို နှစ်နိုင်ငံ ပြည်သူလူထု နှင့် နိုင်ငံတကာ သို ဖော်ပြပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီ တွင် ကျင်းပ ပြုလုပ် ခဲ့သည့် တတိယ အကြိမ်မြောက် တရုတ်-အိန္ဒိယ မီဒီယာ ထိပ်သီး ဆွေးနွေးပွဲ ကို နှစ်နိုင်ငံ မှ သတင်းဌာနပေါင်း ၃၀ ကျော် တို့က တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)