Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အား ကမ္ဘာ့နည်းပညာ အင်အားကြီး နိုင်ငံ ဖြစ်ရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ သိပ္ပံပညာရှင် ကိုယ်စားလှယ် ပြောကြား

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ စီချွမ်းပြည်နယ် ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံပညာ သုတေသန ပညာရှင် ၊ သိပ္ပံပညာရှင်များ ကိုယ်စားလှယ် ကျိုင်ဝမ်မင် (Zhai Wanming) က စီချွမ်းပြည်နယ် ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိချိန်တွင် ကျွန်တော်တို့အနေဖြင့် အလွန်ကောင်းမွန်သည့် ခေတ်ကာလ အခြေအနေ သို့ရောက်ရှိနေပြီး တရုတ် နိုင်ငံ အား ကမ္ဘာ့နည်းပညာ အင်အားကြီး နိုင်ငံ ဖြစ်တည်ရန် ရည်မှန်းချက် ထား ကြိုးပမ်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျိုင်ဝမ်မင် က ပြီးခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း တရုတ် နိုင်ငံ ၏ တီထွင်ဆန်းသစ်မှု များသည် လွန်စွာအလေးထား စောင့်ကြည့်ခြင်း ခံခဲ့ရပြီး တရုတ် နိုင်ငံ ၏ ထုတ်ကုန်များသည် လည်း တရုတ် နိုင်ငံ တွင် ပြုလုပ်သည် အဆင့် မှ တရုတ် နိုင်ငံ မှ တီထွင်ဆန်းသစ်မှု အဆင့် သို့ရောက်ရှိလာ ခဲ့ကာ နိုင်ငံတကာ တွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျိုင်ဝမ်မင် က တရုတ် နိုင်ငံ သမ္မတ ၏ ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင် ခေတ်သစ်နိုင်ငံတော်ကြီးတည်ဆောက်ရေး ကို အရှိန်မြှင့်တင် ဆောင်ရွက်သွားရမည် ဟူသည့် အချက်ပါဝင်သောကြောင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့် လွန်စွာ ဝမ်းမြောက်ပီတိ ဖြစ်မိကြောင်း ၊ ယင်းမူဝါဒ လမ်းစဉ် သည် သိပ္ပံပညာ ပိုင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်သူများ အား လုပ်ငန်းခွင်အတွင်း ပိုမိုကြိုးပမ်းဆောင်ရွက်ရန် အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ကို တည်ဆောက်ပေးသွားမည် ကို သိသာထင်ရှားစွား သိရှိခဲ့ရကြောင်း ၊ ကမ္ဘာ့ထိပ်တန်း နည်းပညာများ ရရှိအောင် ဆောင်ရွက်ပြီး တရုတ်လူမျိုး ပြန်လည် တိုးတက်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.