Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က မကာအို ကဏ္ဍအသီးသီး တည်ဆောက်ရေးလုပ်ငန်း အဆင့်မြှင့်တင်ရန် မျှော်လင့်ချက်လေးရပ် အား ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မကာအို ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တစ်နိုင်ငံစနစ်နှစ်မျိုး လုပ်ငန်း က တာဝန်ကြီးမား ပြီး ရှည်လျားစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ မကာအို က အတွင်းပိုင်း နှင့် အပြင်ပိုင်း ပတ်ဝန်းကျင် ပြောင်းလဲမှု အသစ်များ ဖြစ်ပေါ်ချိန်တွင် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ အဖွဲ့ အသစ် နှင့် လူမှုရေး နယ်ပယ်အသီးသီး တို့မှ အမျှော်အမြင်ကြီးမားရမည် ဖြစ်ကြောင်း ၊ မကာအို အနေဖြင့် လက်ရှိရရှိထားသည့် အောင်မြင်မှုများကို အခြေခံ၍ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ကဏ္ဍ အသီးသီး တည်ဆောက်ရေး လုပ်ငန်း အဆင့်မြှင့်တင်နိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ က မကာအို ကဏ္ဍအသီးသီး တည်ဆောက်ရေးလုပ်ငန်း အဆင့်မြှင့်တင်ရန် မျှော်လင့်ချက်လေးရပ် အား ပြောကြားရာတွင် ပထမ အချက် အနေဖြင့် ခေတ်နှင့်အညီ ရှေ့သို့ ခိုင်မြဲစွာ လှမ်းချီပြီး အထူး အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်မှု အဆင့်အတန်း အား မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ၊ ဒုတိယ အချက် အနေဖြင့် တီထွင်ဆန်းသစ်မှု ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး စီးပွားရေး ရေရှည်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးအောင် တွန်းအားပေး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၊ တတိယ အချက်အနေဖြင့် လူထု အား အခြေခံသည် ရပ်တည်မှု ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး  ပြည်သူလူထု ပိုမို ကောင်းမွန်သည့် လူနေမှု အဆင့်အတန်း ရရှိရေး အတွက် ပိုမို အာမခံချက် ပေးနိုင်ရန် မျှော်လင့်ကြောင်း ၊ စတုတ္ထ အချက် အနေဖြင့် အတူတကွ ကူညီထောက်ပံ့သည်းခံ ခွင့်လွှတ်ခြင်း ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး လူမှုရေး တည်ငြိမ်အေးချမ်းမှု ကို တိုးတက်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

အထက်ပါ မိန့်ခွန်းအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား နှင့် ပဉ္စမ မြောက် မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသ အစိုးရ ဖွဲ့စည်းခြင်း အခမ်းအနား ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)