Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ နှင့် ဇနီး တို့ က ပြည်သူ့ခန်းမကြီး တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ (Nayib Bukele) တို့ က ဒီဇင်ဘာ ၃ ရက် တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမကြီး ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် တရုတ် နိုင်ငံ နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ တို့မှ သံတမန် ဆက်ဆံရေး ထူထောင် ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့ခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်း ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကာ နှစ် နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် တံခါးဖွင့် ပေးနိုင်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှု က ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ နှင့် ကိုက်ညီပြီး နှစ်နိုင်ငံ ပြည်သူလူထု ၏ အကျိုးစီးပွား နှင့်လည်း ကိုက်ညီမှု ရှိကြောင်း ၊ သံတမန် ဆက်ဆံရေး ထူထောင်ပြီး တစ်နှစ်သာ ကာလ အတွင်း နှစ်နိုင်ငံ  ကဏ္ဍအသီးသီး ဖလှယ်မှု က အဆက်မပြတ် ပိုမို နီးကပ်လာ ခဲ့ပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ် ရေး က အဆက်မမြတ် တိုးချဲ့လာခဲ့ကာ အပြန်အလှန် နားလည်မှု မှာလည်း ပိုမို နက်ရှိုင်းလာ ခဲ့ကြောင်း ၊ အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား ထိန်းသိမ်းရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ခြင်း က မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပြီး နိုင်ငံရေး သမား တစ်ဦး ၏ ဗဟာဗျူဟာ အမြင် နှင့် သမိုင်းပေးတာဝန် အား ဆောင်ရွက်မှု တို့ကို ပေါ်လွှင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ နှင့် အတူတကွ အပြန်အလှန် လေးစားမှု နှင့် အပြန်အလှန် ပြည်တွင်းရေး အား ဝင်ရောက် မစွက်ဖက်မှု ဟူသည့် အခြေခံ အောက်တွင် အပြန်အလှန် ယုံကြည်မှု တိုးမြှင့်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ အပြန်အလှန် ဖလှယ်မှု အား တိုးချဲ့ ကာ ပူးပေါင်းဆောင်ရွက်မှု အား တိုးမြှင့် ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ တို့ အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ဆွေးနွေးပွဲ မကျင်းမမီ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ တို့ အား ကြိုဆိုသည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ဆွေးနွေးပွဲ မကျင်းမမီ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ တို့ အား ကြိုဆိုသည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု အား တိုးမြှင့်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ အား သက်နိုင်သော ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်သွား လိုကြောင်း ၊ အယ်လ်ဆာဗေးဒိုး နိုင်ငံ မှ ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်မှု တွင် ပါဝင်ရန် ဖိတ်ခေါ် အပြန်အလှန် အားသာချက် အား ဖြည့်စွက်ပေးခြင်းဖြင့် အောင်မြင်မှု ရလာဒ် အဖြစ်သို့ ပြောင်းလဲသွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ မှ သကြား နှင့် ကော်ဖီ စသည့် အရည်အသွေးမြင့် ပစ္စည်းများ အား တက်ကြွစွာ တိုးချဲ့ တင်သွင်း သွားလိုကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် ဖလှယ်မှု နှင့် အပြန်အလှန် နားလည်မှု အား တိုးချဲ့ ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

အယ်လ်ဆာဗေးဒိုး နိုင်ငံ သမ္မတ နာရစ် ဘူကီလီ က တရုတ် နိုင်ငံ သည် ကြီးမြတ် သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အရေးပါသည့် နေရာ တွင် တည်ရှိကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ ၏ တောက်ပသည့် သမိုင်းကြောင်း နှင့် ကြီးမြတ်သည့် ဖွံ့မြတ်သည့် ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များ အပေါ် လွန်စွာ လေးစားမိကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး ထူထောင်ခြင်း က အချိန်ကာလ အနေဖြင့် တိုတောင်းသေးသော်လည်း တိုးတက်မှု အလားအလာ လွန်စွာ ကြီးမား ကာ အပြန်အလှန် မိတ်ဆွေကောင်း ၊ သူငယ်ချင်းကောင်း ဖြစ်ရန် လုံးဝ ဆောင်ရွက်နိုင်ကြောင်း ၊ တရုတ် နိုင်ငံ ကဲ့သို့ ကြီးမြတ်သည့် နိုင်ငံ ၊ စစ်မှန်သည့် မိတ်ဆွေ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့ခြင်း က အယ်လ်ဆာဗေးဒိုး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အခွင့်အလှမ်း ရရှိစေခဲ့ပြီး အယ်လ်ဆာဗေးဒိုး နိုင်ငံ ပြည်သူလူထု အတွက် လက်တွေ့ကျသည့် အကျိုးဖြစ်ထွန်းမှုများကို ရရှိစေခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံ အား လေ့လာအသုံးချပြီး တရုတ် နိုင်ငံ နှင့် ရေရှည်ချစ်ကြည်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ အယ်လ်ဆာဗေးဒိုး နိုင်ငံ အနေဖြင့် တရုတ် တစ်နိုင်ငံတည်း ရပ်တည်မှု ကို အလုံးစုံ လိုက်နာသွားပြီး တရုတ် နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်မှု ကို ထောက်ခံကြောင်း ၊ တရုတ် နိုင်ငံ ၏ အယ်လ်ဆာဗေးဒိုး နိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများ အား ကျေးဇူးတင်လိုပြီး တရုတ် နိုင်ငံ နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ကာ အတူတကွ ရပ်ဝန်း နှင့် ပိုးလမ်းမ အား တည်ဆောက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီး တွင် နှစ်နိုင်ငံ ခေါင်းဆောင် တို့ ၏ ရှေ့မှောက် ၌ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု စာချုပ် များစွာ လက်မှတ်ရေးထိုး ခဲ့ကြပြီး “တရုတ် နိုင်ငံ နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ ပူတွဲကြေညာချက်” အား ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.