Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မကာအို တွင် တစ်နိုင်ငံစနစ်နှစ်မျိုး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း နှင့် ပတ်သက်၍ အရေးပါသည့် အချက်လေးချက် အား ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မကာအို ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မကာအို အမိမြေ သို့ ပြန်လည် ရောက်ရှိပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများ ကို ကမ္ဘာ့နိုင်ငံအသီးသီး မှ သိရှိကြခဲ့ပြီး မကာအို ၌ တစ်နိုင်ငံ စနစ်နှစ်မျိုး အား ဆောင်ရွက်ရာတွင် တမူထူးခြားသည့် သက်ရောက်မှု ဖြစ်ပေါ်စေခဲ့ကာ အောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းမှာ အရေးပါသည့် အချက်လေးချက် ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ က ပထမ အချက် အနေဖြင့် တစ်နိုင်ငံ စနစ်နှစ်မျိုး ဆောင်ရွက်မှု အပေါ် ကာလတစ်လျှောက် ခိုင်မြဲစွာ ယုံကြည်မှု ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ ဒုတိယ အချက်အနေဖြင့် ကာလတစ်လျှောက် တစ်နိုင်ငံစနစ်နှစ်မျိုး ၏ မှန်ကန်သည့် ဦးတည်ချက် ကို တိကျစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ တတိယ အချက်အနေဖြင့် ကာလတစ်လျှောက် တစ်နိုင်ငံ စနစ်နှစ်မျိုး ပိုမိုအားကောင်အောင် ဆောင်ရွက်မည့် တာဝန်ကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ စတုတ္ထ အချက် အနေဖြင့် တစ်နိုင်ငံ စနစ်နှစ်မျိုး ၏ လူမှုရေး နှင့် နိုင်ငံရေး အခြေခံ ကို ခိုင်မာ အောင် တည်ဆောက်ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အထက်ပါ မိန့်ခွန်းအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)