Connect with us

Politics, Law & Military

ပေကျင်း အိုလံပစ် ၂၀၂၂ အတွက် ကမ္ဘာတစ်ဝန်းက ဝန်ထမ်းသစ်များ စတင်စုဆောင်း

ရီယို ၂၀၁၆ တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် တရုတ်နိုင်ငံ ကိုယ်စားပြုအသင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ပေကျင်း အိုလံပစ် ၂၀၂၂ နှင့် မသန်စွမ်း ဆောင်းရာသီ အားကစားပွဲများ ဖြစ်မြောက်ရေး ကော်မတီက ပထမဆုံးအကြိမ် ကမ္ဘာအနှံ့ရှိ ဝန်ထမ်းသစ်များ စုဆောင်းရေးအား ယနေ့ (မတ်လ ၂၀ ရက်) တွင် စတင် ပြုလုပ်ကြောင်း သိရသည်။

အလုပ်နေရာ ၁၀ ခုအတွက် ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၁၁ ဦး အပါအဝင် အလုပ်တာဝန်နေရာ ၂၁ ခုအတွက် ဝန်ထမ်းသစ် ၂၂ ဦးအား စုဆောင်းသွားမည် ဖြစ်ကြောင်း၊ စီမံကိန်းနှင့် တည်ဆောက်ခြင်း၊ နေရာ စီမံခန့်ခွဲမှု၊ ဈေးကွက်၊ မီဒီယာ၊ ငွေရေးကြေးရေ၊ ဥပဒေနှင့် နိုင်ငံခြား ဘာသာစကားများ စသည်တို့ အပါအဝင် အဓိက အလုပ်တာဝန်များအတွက် စုဆောင်းခေါ်ယူခြင်း ဖြစ်သည်။

ပေကျင်း အိုလံပစ်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီသည် ပေကျင်း ၂၀၂၂ ပွဲ ဖြစ်မြောက်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် စင်မြင့်တည်ဆောက်ရေး စသည်တို့အား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကော်မတီအနေဖြင့် ပြည်တွင်းဋ္ဌာန ၉ ခု၊ ပွဲဖြစ်မြောက်ရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စင်တာနှစ်ခုနှင့် ဝန်ထမ်း ၁၇၀ ဦး ရှိပြီး ဖြစ်ကြောင်း သိရသည်။

ကျွမ်းကျင်ပညာရှင်နှင့် နိုင်ငံတကာ ဝန်ထမ်းများ ပါဝင်သော အဖွဲ့ တစ်ဖွဲ့ တည်ထောင်မည့် အစီအစဉ်အရ အနာဂတ်တွင် ကမ္ဘာအနှံ့ရှိ ဝန်ထမ်းများအား ဆက်လက် စုဆောင်းသွားမည် ဖြစ်သည်။

လူသစ် စုဆောင်းမည့် အစီအစဉ်အရ အွန်လိုင်းမှ လျှောက်ထားခြင်း၊ ပထမအကြိမ် အရည်အချင်း စစ်ဆေးမှု ပြန်လည်သုံးသပ်ခြင်းအား မတ်လ ၂၀ ရက်မှ ၃၁ ရက်အထိလည်းကောင်း လူတွေ့ စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းအား ဧပြီလလယ်မှ မေလကုန်အထိ ပြုလုပ်သွားမည် ဖြစ်သည်။

လျှောက်ထားသူများအနက်မှ စစ်ဆေးမေးမြန်းမှုမှု ရလဒ်များ၊ လုပ်ငန်း အတွေ့အကြုံများ၊ ဘွဲ့နှင့် ရာထူး ကိုက်ညီမှုနှင့် နောက်ခံမှတ်တမ်းအား ပြန်လည်သုံးသပ်ခြင်း ရလဒ်များ စသဖြင့် စဉ်းစားသုံးသပ်ကာ ရွေးချယ်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.