Connect with us

Politics, Law & Military

တောင်ကိုးရီးယားတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်တပ်ဆင်ခြင်းသည် “မှားယွင်းသောရွေးချယ်မှုတစ်ခု” ဟု ဝမ်ရိပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံ တွင် ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD ) တပ်ဆင်ထားခြင်းသည် “ မှားယွင်းသော ရွေးချယ်မှုတစ်ခု” ဖြစ်နေသည်မှာ လုံးဝထင်ရှားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝမ်ရိက မတ်လ ၈ ရက်တွင်ပြောကြားလိုက်သည်။

နှစ်ပတ်လည် လွှတ်တော်အစည်းအဝေး၏ ပုံမှန်ဆွေးနွေးပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဝမ်ရိက တောင်ကိုးရီးယားနိုင်ငံအား THAAD ဒုံးကျည်ကာကွယ်ရေးစနစ်တပ်ဆင်ထားခြင်းကို ရပ်တံ့ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်သည် လက်ရှိတွင် တရုတ်-တောင်ကိုးရီးယား နှစ်နိုင်ငံဆက်ဆံရေးအတွက် အကြီးမားဆုံးသော ကိစ္စရပ်တစ်ခုဖြစ်နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ THAAD စနစ်သည် တရုတ်နိုင်ငံ၏ မဟာဗျူဟာလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း နှင့် ၎င်းဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ဝမ်ရိက ပြောသည်။

“ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေအကြား တစ်ဘက်နဲ့တစ်ဘက် ပြုကျင့်ရမယ့် အမူအကျင့်တွေ မဟုတ်ပါဘူး။ အဲဒါက တောင်ကိုးရီးယားနိုင်ငံရဲ့ လုံခြုံရေးကို ပိုပြီး လျော့ကျစေမှာပါ” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ဝမ်ရိက အဆိုပါ မှားယွင်းသော လမ်းကြောင်း တစ်လျှောက် လုပ်ဆောင်နေခြင်းမှ အဝေးဆုံးသို့ဆုတ်ခွာသွားရန် လည်း ထပ်လောင်းပြောကြားခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံ၌ THAAD ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ရန် ပြုလုပ်သူတိုင်းသည် အဆုံးသတ်တွင် အခြားသူများကဲ့သို့ပင် ၎င်းတို့ကိုယ်တိုင်လည်း ထိခိုက်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ဝမ်ရိက သတိပေးစကားဆိုခဲ့သည်။

ယခုနှစ်သည် တရုတ် နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးတည်ထောင်ခြင်း ၂၅ နှစ်မြောက်နှစ် ဖြစ်သည်။ နှစ်ဘက်ဆက်ဆံရေး ရလဒ်ကောင်းများထွက်ပေါ်လာအောင် နှစ်ဘက်ပြည်သူများက ပြီးခဲ့သော နှစ်များတွင် အတူတကွ တည်ဆောက်လာခဲ့ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

နှစ်ဘက်ဆက်ဆံရေးအကြား အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ကြဉ်းပေးနိုင်ရန် တောင်ကိုးရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် လက်တွဲသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.