Connect with us

Politics, Law & Military

ပိုးလမ်းမကြီးအစပျိုးမှု သည် အကောင်းဆုံး အကျိုးအမြတ်ဖြစ်ထွန်းစေသည့် ကုန်စည်စီးဆင်းရာ တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တစ်ခု ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု သည် အားလုံးအတွက် အကောင်းဆုံးအကျိုးအမြတ်ဖြစ်ထွန်းစေသည့် အထင်ရှားဆုံး ကုန်စည်စီးဆင်းရာ ကမ္ဘာပေါ်တွင် အတောက်ပဆုံး အလားအလာများဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပေါင်းကူးတစ်ခုသဖွယ် ဖြစ်လာကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က မတ်၈ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ငံခေါင်းဆောင်များ နှင့် အစိုးရပိုင်းမှ ခေါင်းဆောင် ၂၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲ ၅၀ကျော်၊ ဝန်ကြီးအဆင့် တာဝန်ရှိသူ ၁၀၀ကျော် အပါအဝင် နိုင်ငံပေါင်းစုံ နှင့် ဒေသတွင်းမှ ကိုယ်စားလှယ်ပေါင်း ၁၂၀၀ ကျော် သည် မေလတွင် ပေကျင်းမြို့၌ ကျင်းပမည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ဝမ် က အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး ပြင်ပ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု အား တရုတ်နိုင်ငံမှ စတင်အဆိုပြုခဲ့သော်လည်း ပိုးလမ်းမကြီးသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်ပြီး ၎င်း၏ အကျိုးအမြတ်များကို နိုင်ငံအားလုံး က ခံစားနိုင်မည်ဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။

ခေတ်ရေစီးကြောင်းအရ ပြည်တွင်းအကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သက်ဆန်သည့် စီးပွားရေးစနစ်များ မြင့်တက်လာစဉ် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု သည် အားလုံးပါဝင်နိုင်ပြီး နိုင်ငံတကာအပေါ် ပိုမို အကျိုးအမြတ်ဖြစ်ထွန်းစေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပြန်လည် ဟန်ချက်ညီစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မေလတွင်ပြုလုပ်မည့် ဖိုရမ်သည် သဘောတူညီမှုများကို တည်ဆောက်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံပေါင်းစုံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများကို ဆက်သွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အဓိကကျသည့် ဧရိယာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆန်းစစ်ပေးနိုင်မည်ဖြစ်ပြီး အခြေခံအဆောက်အအုံ ချိတ်ဆက်မှု၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဆိုင်ရာ ထောက်ပံ့မှု၊ ပြည်သူ နှင့် ပြည်သူ ဖလှယ်မှုများ ရှိ အဓိက စီမံကိန်းကြီးမျာကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။

၎င်းက ကာလလတ် နှင့် ကာလရှည်ပူးပေါင်းဆောင်ရွက်ခြင်း အစပျိုးမှုများကိုကြေညာပေးသွားမည်ဖြစ်ကာ ပိုမိုနီးကပ်ပြီး ရလဒ်ကို ပိုမိုဦးစားပေးသည့် မိတ်ဖက်ကွန်ရက်များကို တည်ဆောက်ရန် ကာလရှည်ပူးပေါင်းဆောင်ရွက်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.