Connect with us

Politics, Law & Military

တောင်တရုတ် ပင်လယ်အရေးအား နောက်ကွယ်တွင် ကြိုးကိုင် ဆောင်ရွက်နေသော လက်မည်းကြီးမှာ မည်သူနည်း

အမေရိကန် နိုင်ငံ လေယာဉ်တင် သင်္ဘော တစ်စင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံ တစ်နိုင်ငံ၏ အင်အားသည် ရေကြောင်း အင်အားပေါ်တွင် မူတည်ပြီး ပင်လယ် သမုဒ္ဒရာ ရေကြောင်းကို ထိန်းချုပ်နိုင်သော နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားကြီး နိုင်ငံ ဖြစ်တည်လာနိုင်သည် ဆိုသော ၁၉ ရာစုနှစ် ကုန်ပိုင်းတွင် ပြောကြားခဲ့သည့် အလွန်ထင်ရှားသည့် ပင်လယ်ပြင် အင်အား အယူအဆ (Sea Power Theory) ကို အမေရိကန် နိုင်ငံ၏ ရေတပ် မဟာဗျူဟာ အတွေးအခေါ်ပညာရှင် ၊ သမိုင်း ပညာရှင် Alfred Thayer Mahan မှ ထုတ်ဖော် ပြောကြား ခဲ့ခြင်းဖြစ်သည်။

Mahan ၏ အယူအဆ များသည် လက်ရှိချိန်တွင် နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ၎င်းပြောဆို ခဲ့သည့် အယူဝါဒများသည် လက်ရှိချိန်ထိ အမေရိကန် နိုင်ငံ အတွက် ရှင်းလင်းစွာ မှန်ကန် နေဆဲပင် ရှိခဲ့သည်။ လတ်တလော ကာလ ပိုင်းတွင် ယခင်က အစဉ်အမြဲ အေးချမ်းခဲ့သည့် တောင်တရုတ် ပင်လယ်သည် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး လှိုင်းဂယက်များ ပြင်းထန်သည့် အဆင့်ကို ရောက်ရှိခဲ့သည်။ လက်ရှိ ဖြစ်ပွားနေသော ကိစ္စရပ်များသည် အပေါ်ယံအားဖြင့် ကြည့်လျင် Benigno Aquino III အကွီနို အစိုးရ မှ တစ်ဘက်သတ် တောင်တရုတ် ပင်လယ်အရေးအား ယာယီ ခုံရုံးတင် ဆောင်ရွက် နေခြင်း ဖြစ်သည်ဟု ထင်ရသော်လည်း အကြောင်းအရာအား သိရှိနားလည်သူများသည် နောက်ကွယ်တွင် ကြိုးကိုင် ဆောင်ရွက်နေသော လက်မည်းကြီးမှာ အမေရိကန်နိုင်ငံ ဖြစ်ကြောင်း ကိုသိရှိကြပါသည်။
ဤ လက်မည်းကြီးသည် တောင်တရုတ် ပင်လယ်အား အမေရိကန် စစ်သင်္ဘောများ အပျင်းပြေ သွားလာ လှုပ်ရှားသည့် ကာရစ်ဘီယံ ဒေသကဲ့သို့ ဖြစ်စေလို ပြီး ထိုလက်မည်းကြီးသည် အာရှ-ပစိဖိတ်၏ အခွင့်အာဏာ ကို မြဲမြဲ ဆုပ်ကိုင်ကာ အနောက်ပစိဖိတ် ဒေသ အား မိမိသဘော အလျောက် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် သြဇာအာဏာ ညောင်းသော ဒေသတစ်ခု ဖြစ်စေလိုခဲ့သည်။
ရှေးသမိုင်းကြောင်းများကို ပြန်လည် သုံးသပ်ကြည့်ရှုခြင်း အားဖြင့် ၁၇၇၅ ခုနှစ်မှ စတင်၍ လွတ်လပ်ရေး တိုက်ပွဲများ စတင်ခဲ့ကြောင်း သိရှိနိုင်သည်။ အမေရိကန် နိုင်ငံသည် ထိုအချိန်အခါတွင် အသစ်ပေါ်ပေါက်လာသော အင်အားကြီး နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ပင်လယ်ပြင် အင်အား အယူအဆကို အခြေခံကာ မိမိ နိုင်ငံ၏ ရေတပ် စစ်အင်အားကို အသုံးပြုပြီး ပင်လယ်ရေကြောင်း အင်အားကြီး နိုင်ငံ ဖြစ်တည်ရန် ပုံဖေါ်ကာ ပင်လယ်ရေကြောင်း အခွင့်အရေး များကို ကမ္ဘာ့ဒေသ အနှံ့အပြားသို့ တိုးချဲ့ခဲ့ပါသည်။
တရုတ်နှင့် ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ်အရေးသည် နှစ်နိုင်ငံအကြား ဖြစ်ပွားသည့် အငြင်းပွားမှု တစ်ခုတာ ဖြစ်ပြီး မိမိ ဒေသတွင်း ဆွေးနွေး ညှိနှိုင်းသည့် ပုံစံ ဖြင့် လုံးဝ ဖြေရှင်းနိုင်သည်။ သို့သော် မိုင်ပေါင်းများစွာ ဝေးကွာသည့် အမေရိကန် နိုင်ငံ သည် ဤ ကိစ္စရပ်တွင် ပိုမို စိတ်အား ထက်သန် ခဲ့ပြီး နိုင်ငံတကာ ဥပဒေကို ကြိုးကိုင်၍ တောင်တရုတ် ပင်လယ်အရေးတွင် တရုတ် နိုင်ငံအား မကောင်းကြံခြင်းနှင့် သိက္ခာ ကျစေသည့် လုပ်ရပ်များ ဆောင်ရွက်ခြင်းကို တက်ကြွစွာ ဆောင်ရွက် ခဲ့ပါသည်။
ထင်ရှားသည့် ဥပမာ တစ်ခု အနေဖြင့် ဇွန်လ ၂၂ ရက်က AP သတင်းဌာန မှ ထုတ်ပြန် ခဲ့သည့် သတင်းတွင် အမေရိကန် နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ တောင်တရုတ် ပင်လယ် အရေး ယာယီ ခုံရုံး၏ ဆုံးဖြတ်ချက်သည် တောင်တရုတ်ပင်လယ်အရေး အား ရှင်းလင်းစွာ ဖြေရှင်း နိုင်စေမည်ဟု ထုတ်ဖော် ပြောကြား ခဲ့ကြောင်း ပါဝင် ခဲ့သည်။ အများပြည်သူများ အနေဖြင့် အမေရိကန် နိုင်ငံသည် အဘယ်ကြောင့် ယာယီ ခုံရုံး၏ စီရင်ချက်ကို ကြိုတင် သိရှိနိုင်သနည်း ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့ပြီး ၎င်းမေးခွန်း၏ အဖြေမှာ အမေရိကန် နိုင်ငံမှ စီရင်ချက် အဖြေကို ကြိုးကိုင် ဆောင်ရွက်နေသည် ဟူသည့် အဖြေ တစ်ခုသာ ဖြစ်နိုင်ခဲ့ပါသည်။
တောင်တရုတ် ပင်လယ် အရေး ယာယီခုံရုံး စီရင်မှုသည် ကျယ်ပြန့်လှသည့် တောင်တရုတ် ပင်လယ် အငြင်းပွားမှု အား ရှုပ်ထွေးအောင် လုပ်ဆောင်သည့် အမေရိကန် နိုင်ငံ၏ အာရှ-ပစိဖိတ် မဟာဗျူဟာ အခင်းအကျင်း အတွင်းမှ စတင်ရွေ့လျား လိုက်သည့် လုပ်ဆောင်မှု တစ်ခုတာ ဖြစ်ပါသည်။ လက်တွေ့တွင် အမေရိကန် နိုင်ငံသည် တောင်တရုတ် ပင်လယ်တွင် နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး နှင့် ရေကြောင်း သွားလာရေး အကျိုးကျေးဇူး များစွာ ရရှိထားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ ၁၉၉၀ နှစ်ပိုင်းမှ စတင်၍ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်လာမှု အပေါ် အမေရိကန်ကို စိုးရိမ်စေသည့် အယူဝါဒ သည် တဖြည်းဖြည်း မြင့်တက် လာခဲ့ပြီး တောင်တရုတ် ပင်လယ်အရေးမှာလည်း တဖြည်းဖြည်း ပိုမို ထင်ရှား လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အာရှ-ပစိဖိတ်သို့ ပြန်လည် ဝင်ရောက်ခြင်းနှင့် အာရှ-ပစိဖိတ် ချိန်ခွင်မျှရေး စသည့် အမေရိကန်၏ မဟာဗျူဟာများ ထုတ်ဖော်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် နိုင်ငံသည် တောင်တရုတ် ပင်လယ်အရေးအား ဝင်ရောက် စွက်ဖက်မှု များကို တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက်တွင် တောင်တရုတ်ပင်လယ် အရေးအား နိုင်ငံတကာ ပုံစံ ဖြစ်တည်စေရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီး ရေကြောင်း သွားလာရေး လွတ်လပ်ခွင့် ဟူသည့် အကြောင်းပြချက်ဖြင့် ဤဒေသ အတွင်း စစ်ရေး အခင်းအကျင်းများကို တိုးချဲ့ဆောင်ရွက် ခဲ့သည်။
ထိုဆောင်ရွက်မှု များအားလုံးသည် တောင်တရုတ် ပင်လယ် အတွင်း အခွင့်အရေး ရယူရန်နှင့် ဒေသတွင်း မဟာဗျူဟာ အကျိုးစီးပွား ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခဲ့သည့် အကြောင်း ပြချက် များသာ ဖြစ်ပါသည်။
အင်္ဂလန် နိုင်ငံမှ တရုတ် နိုင်ငံ အရေး လေ့လာရေး ပညာရှင် Martin Jacques က တောင်တရုတ် ပင်လယ် အခြေအနေ စိုးရိမ်မှု မြင့်တက် လာခြင်းသည် အမေရိကန် နိုင်ငံ၏ အာရှ-ပစိဖိတ် ပြန်လည် ဝင်ရောက်ခြင်း မဟာဗျူဟာကြောင့် ဖြစ်ပွား လာခဲ့ခြင်းဖြစ်ပြီး ထိုမဟာဗျူဟာသည် တရုတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာခြင်းကို ဟန့်တားရန် ထင်ရှား ကြောင်း ၊ အမေရိကန် နိုင်ငံသည် ၎င်း၏ အာရှ-ပစိဖိတ် ဒေသတွင်းရှိ စစ်ရေး အရ တည်ရှိနေမှုကို တိုးချဲ့လိုခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လက်တွေ့တွင် အမေရိကန် နိုင်ငံသည် ၎င်း၏ အာရှ-ပစိဖိတ် ဒေသသို့ ပြန်လည် ဝင်ရောက်ခြင်း မဟာဗျူဟာ ထုတ်ဖော် ခဲ့ပြီး နောက်ပိုင်းတွင် သြစတြေးလျ နိုင်ငံ ဒါဝင် ဆိပ်ကမ်း တွင် စစ်အင်အား တိုးမြှင့် ချထားခြင်း ၊ ဖိလစ်ပိုင် Subic ပင်လယ်အော်တွင် စစ်စခန်း ပြန်လည်ထားရှိရန် ကြိုးစားခြင်းနှင့် စင်ကာပူ ချန်ဂီ စစ်အခြေစိုက် စခန်း အမေရိကန် အင်အား တိုးမြှင့်ချထားခြင်း စသည် တို့ကို လုပ်ဆောင် ခဲ့ပါသည်။ အမေရိကန် နိုင်ငံ၏ အစီအစဉ် အရ ၂၀၂၀ ခုနှစ်တွင် အမေရိကန် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်း သော စစ်သင်္ဘောများကို ပစိဖိတ် ဒေသတွင် နေရာ ချထားမည် ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းသော ပြည်ပ လေတပ်အင်အားကို ထိုဒေသတွင် ချထားရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
တောင်တရုတ်ပင်လယ်အရေး ယာယီ ခုံရုံးတင် ဆောင်ရွက်မှု တွင် အမေရိကန် နိုင်ငံသည် Pragmatism နှင့် Opportunism အယူဝါဒ တို့ကို ခံယူခဲ့ပြီး အချုပ်အခြာ ပိုင်ဆိုင်မှု နှင့် ပတ်သက်သော ကိစ္စရပ်များတွင် ကြားနေ ရပ်တည်မှု ဆောင်ရွက်မည် ဟူသော ကတိကို ချိုးဖောက် ကာ ပင်လယ်ရေကြောင်း တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်းသူ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြား ခဲ့သည်။ အမေရိကန် နိုင်ငံ သမ္မတမှ ကာကွယ်ရေးဌာန အထိ နှင့် အစိုးရ အဖွဲ့မှ စစ်ဘက်ဆိုင်ရာ အထိ တို့သည် တောင်တရုတ် ပင်လယ်အရေး ယာယီ ခုံရုံးတင် ဆောင်ရွက်မှုအား ထောက်ခံအားပေး ခဲ့ကြသည်။ သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် လက်ရှိချိန် တွင် မေ့လွယ်သော ရောဂါ ရရှိနေသကဲ့သို့ မိမိ နိုင်ငံသည် ကုလသမဂ္ဂ ရေကြောင်း ဥပဒေ ဆိုင်ရာ သဘောတူညီချက် (United Nations Convention on the Law of the Sea=UNCLOS) ကို စတင်ချုပ်ဆို ခဲ့သည်မှာ ၃၄ နှစ်ကြာတည့်တိုင် အတည်မပြုသေးသော အချက်ကို မေ့နေခဲ့သည်။
အမေရိကန် နိုင်ငံ Executive Intelligence Review (EIR) မဂ္ဂဇင်း မှ မေလတွင် ထုတ်ဝေ ခဲ့သည့် မဂ္ဂဇင်းတွင် ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေးအား တစ်ဖက်သတ် ယာယီ ခုံရုံးတင် ဆောင်ရွက်မှုသည် အဓိက ဖြေရှင်းသည့် နည်းလမ်းဖြစ်သည်ဟု မှားယွင်းစွာ ပုံဖော်ခဲ့သည်။ ထို့ပြင် အမေရိကန် နိုင်ငံမှ ဖိလစ်ပိုင် နိုင်ငံ၏ ဆောင်ရွက်မှုအား ထောက်ခံအားပေးခြင်းသည် ထိုတစ်ဖက်သတ် ဆောင်ရွက်မှုများ ပြန်လည် နောက်မဆုတ် နိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက် ခဲ့သကဲ့သို့ ဖြစ်စေ ခဲ့ပါသည်။
တောင်တရုတ် ပင်လယ်သည် ယခင်မူလတွင် မည်သည့် ပြဿနာ မှ မရှိခဲ့ဘဲ ထိုနောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသော လက်မည်းကြီးမှ ပြဿနာများ ဖြစ်ပွားအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ် တစ်ခုလုံးအား ရှုပ်ထွေးရန် ဆောင်ရွက်ခဲ့လျှင် တောင်တရုတ် ပင်လယ် အတွင်းရှိ နိုင်ငံ အားလုံးမှ ဘေးဆိုးကြုံရခြင်း သာမက အာရှ-ပစိဖိတ် ဒေသ တစ်ခုလုံး၏ တည်ငြိမ် အေးချမ်းမှု နှင့် စည်းစနစ်ကိုပါ ဒုက္ခ ကြုံတွေ စေမည် ဖြစ်သည်။ ယခုခေတ် အခြေအနေ မည်သို့ ပြောင်းလဲ စေကာမူ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး ၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေး နှင့် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး စသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံ သတ်မှတ်ချက် များသည် ပြောင်းလဲ သွားမည် မဟုတ်ပါ ၊ တောင်တရုတ် ပင်လယ်သည် ကာရစ်ဘီယံ ပင်လယ် မဟုတ်သကဲ့သို့ Monroe Doctrine အယူဝါဒ သည်လည်း အာရှ တိုက် အတွက် မလိုအပ်ပါ။ အမေရိကန် နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ် အတွင်း သွေးထိုး လှုံ့ဆော်မှု များ မပြုလုပ်ဘဲ အာရှတိုက်၏ တည်ငြိမ်အေးချမ်းမှု အား ပြန်လည် ပေးအပ်ကာ ကမ္ဘာ့ပင်လယ် ရေကြောင်း သမုဒ္ဒရာ အပေါ် ကောင်းမွန်သော သဘောထား ထားရှိခြင်း သာလျှင် မှန်ကန် သော ဆောင်ရွက်မှု ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.