Connect with us

Politics, Law & Military

နိုင်ငံအသီးသီး နှင့် ချစ်ကြည်စွာ နေထိုင်ခြင်း နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း က ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ ဖြစ်ကြောင်း တရုတ် သမ္မတ ပြောကြား

အာရှယဉ်ကျေးမှု ဖလှယ်ရေးညီလာခံ၌ မိန့် ခွန်းပြောကြား နေသော တရုတ်သမ္မတ ရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အိမ်နီးချင်း နိုင်ငံ နှင့် ချစ်ကြည်စွာ နေထိုင်ခြင်း ၊ နိုင်ငံအသီးသီး နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း က တရုတ် နိုင်ငံ ၏ နိုင်ငံတကာ နှင့် ဆက်ဆံ ရာတွင် ရိုးရာယဉ်ကျေးမှု အစဉ်အလာ ဖြစ်ကြောင်း ယနေ့မေ ၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (CDAC)၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ပြည်သူလူထု အား အကျိုးဖြစ်ထွန်းစေခြင်း ၊ တည်ငြိမ်စေးချမ်း စေခြင်း နှင့် ကြွယ်ဝချမ်းသာစေခြင်း တို့ က တရုတ် ယဉ်ကျေးမှု ၏ ထင်ရှားသော ဦးတည်ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ကာ ခေတ်ကာလ နှင့် အညီ ရှေ့သို့ တက်လှမ်းခြင်း သည်လည်း တရုတ် ယဉ်ကျေးမှု ၏ အစဉ်ထာဝရ စိတ်နေသဘောထား ဖြစ်ကြောင်း ၊ သဘာဝ နိယာမတရား နှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း သည်လည်း တရုတ်ယဉ်ကျေးမှု ၏ လူဘဝ နေထိုင်မှု ၏ အတွေးအခေါ် ခံယူချက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိ တရုတ် နိုင်ငံ က တရုတ် နိုင်ငံ တစ်နိုင်ငံ တည်းမဟုတ်တော့ဘဲ အာရှတိုက် ၏ တရုတ် နိုင်ငံ ၊ နိုင်ငံတကာ ၏ တရုတ် နိုင်ငံ အဖြစ် သို့ ရောက်ရှိလာကြောင်း ၊ အနာဂတ် တွင် တရုတ် နိုင်ငံ အနေဖြင့် ပိုမို တံခါးဖွင့် သည့် ပုံစံမျိုး ၊ ပိုမို တက်ကြွသည့် အောင်မြင် သည့် ယဉ်ကျေးမှု ဖြင့် ကမ္ဘာကြီး အတွက် ပေးဆပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.