Connect with us

Politics, Law & Military

ကုလသမဂ္ဂ ဆွေးနွေးပွဲတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ မိနစ် ၂၀မိန့်ခွန်းကို ၁၅ ကြိမ်ကျော် ကြားဖြတ် လက်ခုတ်တီး အားပေးခဲ့ကြသည့် အကြောင်းအရင်းများ

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ စက်တင်ဘာ ၂၈ ရက်နေ့က ကုလသမဂ္ဂ ရုံးချုပ် တွင် ကျင်းပသည့် ၇၀ ကြိမ်မြောက် အထွေထွေ ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ စက်တင်ဘာ ၂၈ ရက်နေ့က အမေရိကန် နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် တွင် ကျင်းပသည့် ၇၀ ကြိမ်မြောက် အထွေထွေ ဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့ပြီး “အတူတကွ အောင်မြင် စေမည့် မိတ်ဆွေသစ်များ ပူးပေါင်းဖွဲ့စည်းကာ လူသားမျိုးနွယ်စု၏ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်မည်” ဟူသည့် ခေါင်းစဉ် ဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ တွင် ကျွန်တော်တို့၏ ရှေးလူကြီး များမှ ခက်ခဲစွာ တိုက်ပွဲဝင် ခဲ့ပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲကြီး ကိုအောင်မြင်မှု ရရှိကာ ရှေးလူကြီး များ မှ အမျှော်အမြင် ကြီးမားစွာ ဖြင့် ကုလသမဂ္ဂ အဖွဲ့ချုပ် ကို ထူထောင်လိုက်ပြီး အဘက်ဘက် မှ အသိပညာ တို့ကို ပူးပေါင်းကာ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း ကို ပြုစု နိုင်ခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ပုံစံ အတွက် အခြေခံ တစ်ရပ် ဖြစ်လာ စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ ပြည်သူ များသည် နိုင်ငံ အသီးသီး ရှိ ပြည်သူများ ကဲ့သို့ပင် စက်တင်ဘာ ၃ ရက်နေ့တွင် တရုတ် နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား ကို ကြီးကျယ် ခမ်းနားစွာ ကျင်းပ ခဲ့ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် သမိုင်းပေး သင်ခန်းစာ ကိုလေးစားရမည် ဖြစ်ပြီး သမိုင်း ဖြစ်ရပ် များအား လေ့လာ မှတ်ယူ ခြင်းသည် ရန်ငြိုး များကို ဆက်လက်ပြန့်ပွားရန် မဟုတ်ဘဲ အနာဂတ် ခေတ်အဆက်ဆက် တွင် ငြိမ်းချမ်းရေး မီးတောက် ဆက်လျက် ထွန်းတောက် သွား နိုင်ရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ကုလသမဂ္ဂ သည် နှစ်ပေါင်း ၇၀ ကြာ ကာလအတွင်း နိုင်ငံ အသီးသီး မှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ၊ ပူးပေါင်းဆောင်ရွက်မှု အတွက် ကြိုးပမ်းဆောင်ရွက်မှု များကို သက်သေ ပြုနိုင်ခဲ့ကြောင်း ၊ ကမ္ဘာ့ နိုင်ငံရေး အခြေအနေသည် ပိုမို လျင်မြန်စွာ ပြောင်းလဲ နေကြောင်း ၊ ဈေးကွက်သစ် ထူထောင်သည့် နိုင်ငံ များနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များ ထွက်ပေါ်လာမှု များသည် တားဆီး မရနိုင်သော ခေတ်ရေစီးကြောင်း တစ်ခု ဖြစ်လာကြောင်း ၊ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး ပုံစံ သည် ဖွံ့ဖြိုးတိုးတက် ရန် အခွင့်အရေး များစွာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး စိန်ခေါ်မှု အသစ်များ ကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် အပြန်အလှန် တန်းတူညီမျှ ဆက်ဆံသည့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြသည့် မိတ်ဆွေ ဆက်ဆံရေး တည်ဆောက် သွားရမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ပေါ် ရှိ နိုင်ငံ အသီးသီး မှာ အားလုံး တန်းတူညီမျှ ကြပြီး ကြီးနိုင်ငယ်ကျင့် မပြုသင့်ကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ ၏ မူဝါဒ လမ်းစဉ် နှင့် အချုပ်အခြာအဏာ သည် ထိပါးစော်ကား၍ မရဘဲ ပြည်တွင်းရေး ဝင်ရောက်စွတ်ဖက်မှု သည်လည်း လက်ခံနိုင်ကြ မည် မဟုတ်ကြောင်း ၊ ကျွန်တော် တို့ အနေဖြင့် ဘက်စုံ ဆက်ဆံရေး ပုံစံ ဆောင်ရွက်ရမည် ဖြစ်ပြီး ခွဲခြား ဆက်ဆံရေး ပုံစံ မဆောင်ရွက် သင့်ကြောင်း ၊ မည်သည့် နိုင်ငံ မှ မိမိ တစ်နိုင်ငံတည်း အင်အား ဖြင့် မိမိ နိုင်ငံအား အလုံးစုံ လုံခြုံမှု ရရှိရန် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၊ မည်သည့် နိုင်ငံ မှ အခြားနိုင်ငံ မတည်ငြိမ်မှု မှ အကျိုးဖြစ်ထွန်းမှု ရရှိနိုင် မည် မဟုတ်ကြောင်း ၊ စစ်အင်အား ကို ဖြစ်သလို အသုံးပြု၍ တိုက်ပွဲ များ မကြာခဏ ဖြစ်ပွားရန် ဆောင်ရွက်ခြင်းသည် အနိုင်ကြင့်သူ များ၏ ဆောင်ရွက်သည့် ပုံစံ ဖြစ်ပြီး ကျောက်ခဲ ကြီးအား မတင်နိုင်သော်လည်း မိမိ ခြေထောက်ပေါ်သို့ ပြန်လည် ပြုတ်ကျ မည်ဖြစ်ကြောင်း ၊ ကျွန်တော် တို့အနေဖြင့် စစ်အေးတိုက်ပွဲ အတွေးအခေါ် ပုံစံအားလုံးကို စွန့်လွတ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် မှ ကျွန်တော်တို့ သည် ပွင့်လင်းသည့် အပြန်အလှန် နားလည်အကျိုးပြုသည့် ဖွံ့ဖြိုးမှု လမ်းစဉ် များကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ၂၀၀၈ ခုနှစ် က ဖြစ်ပွားခဲ့သည့် ကမ္ဘာ့လုံး ဆိုင်ရာ စီးပွားပျက် ကပ် မှ တစ်ဆင့် အကျိုးအမြတ် အလျောက် ရင်းနှီးမြှုပ်နှံမှု အား ထိန်းချုပ်မှု ကင်းမဲ့စွာ ခွင့်လွတ် ပေးထားခြင်းသည် နောက်တစ်ကြိမ် စီးပွား ပျက်ကပ် ဖြစ်ပွား စေနိုင်ကြောင်း ၊ အတူတကွ ဖွံ့ဖြိုး တိုးတက်ရေး သည်သာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက် ခြင်းဖြစ်ကြောင်း ၊ ဤရည်မှန်းချက် အကောင်အထည် ဖော်နိုင်ရန် အပြန်အလှန် ကူညီထောက်ပံ့ပြီး အပြန်အလှန် အကျိုးပြုကြမည့် စိတ်ဓာတ် ထားရှိရမည် ဖြစ်ကြောင်း ၊ လက်ရှိ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၈၀၀ ခန့်သည် ဆင်းရဲနွမ်းပါးသည့် ဘဝ တွင် ရောက်ရှိနေ သေးကြောင်း ၊ နှစ်စဉ် ကလေးငယ် ၆ သန်းခန့်သည် ၅ နှစ်အရွယ် မရောက်မီ ကွယ်လွန်ခဲ့ရကြောင်း ၊ ကလေးငယ် သန်း ၆၀ ခန့်မှာ ပညာသင်ကြားမှု မရရှိခဲ့ကြောင်း ၊ ကျွန်တော်သို့ အနေဖြင့် လက်တွေ့ဆောင်ရွက်မှု များဖြင့် ကမ္ဘာ့ပေါ်ရှိလူသား အားလုံး ဆင်းရဲနွမ်းပါမှု မှ လွတ်ကင်းပြီး ဖွံ့ဖြိုးတိုးတက်မှု နှင့် လေးစားမှု တို့ကို ပိုင်ဆိုင်သည့် အနာဂတ် ရရှိအောင် ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သည် အစဉ်အမြဲ ကမ္ဘာ့ငြိမ်းချမ်းမှု ရရှိရေး အတွက် ဆောင်ရွက် သည့် နိုင်ငံ ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို ခိုင်မြဲစွာ လျှောက်လမ်းမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ နိုင်ငံ ရေး အခြေအနေ မည်သို့ပြောင်းလဲ စေကာမူ ၊ ဖွံ့ဖြိုးတိုးတက်ရေး မည်သို့ဆောင်ရွက်သည့် အခြေအနေ ရောက်သည် ဖြစ်စေ တရုတ် နိုင်ငံ ဘယ်တော့မှ ကြီးစိုးမှု ဆောင်ရွက်ခြင်း ၊ ချဲ့ထွင်းမှု ဆောင်ရွက်ခြင်း ၊ သြဇာလွှမ်းမိုးမှု တိုးချဲ့ခြင်း တို့ကို ဆောင်ရွက်မည် မဟုတ်ကြောင်း ရှီကျင့်ဖိန် မှ ပြောကြား ခဲ့သည်။

နိဂုံးချုပ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် တရုတ် နိုင်ငံ မှ ၁၀ နှစ် တာအချိန်ကာလ သတ်မှတ်ထားသော အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေ ထူထောင်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ကုလသမဂ္ဂ ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အရန်အင်အား တပ်ဖွဲ့အတွက် ပထမ ဦးဆုံး ပါဝင် ဆောင်ရွက်သည့် နိုင်ငံ အဖြင့် တပ်ဖွဲ့အင်အား ၈၀၀၀ ပမာဏ ရှိသော အရန်တပ်ဖွဲ့ ဖြင့် ပါဝင် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ လာမည့် ၅ နှစ်အတွင်း အာဖရိက အဖွဲ့အစည်း ထံသို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန်ဖိုး ရှိသော စစ်ရေးထောက်ပံငွေ ပေးအပ်ကာ အာဖရိက အရန်စစ်တပ်တပ်ဖွဲ့ နှင့် အရေးပေါ်တပ်ဖွဲ့ တည်ဆောင်မှု အတွက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)