Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအပေါ် ယုံကြည် စိတ်ချမှုရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား မတ်လ ၈ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်- မြန်မာမှာ ခိုင်မာ တိုးတက်လျက်ရှိပြီး ယုံကြည် စိတ်ချမှုရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေ ပြောင်းလဲမှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ အားလျော့သွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြု လွှတ်တော် နှစ်ပတ်လည် အစည်းအဝေးနှင့် တွဲလျက် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောသည်။

ယခုလကုန်၌ ကျမ်းသစ္စာကျိန်ဆိုမည့် မြန်မာ အစိုးရအသစ်အပေါ် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်နှင့် ပတ်သက် သည့် မေးခွန်းအား ဝမ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သည် တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ထိတွေ့ဆက်သွယ်မှုရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

“ကျွန်တော့်တို့မှာ ဘက်စုံ နားလည်မှုနှင့် ယုံကြည်မှု ဆက်လက်ကြီးထွားနေပါတယ်၊ မြန်မာနိုင်ငံရဲ့ အနာဂတ် ကိုလဲ အမြဲယုံကြည်စိတ်ချပါတယ်” ဟု ဝမ်က ဆိုသည်။မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြား တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး မှတ် ချက်ပြုရာတွင်မူ ပူးပေါင်းဆောင်ရွက်ရေးတွင် အခက်အခဲ တချို့ရှိကြောင်း ဝမ်က ဝန်ခံခဲ့ပြီး ၎င်းအရာများမှာ နောက်ပိုင်း၌ အသားကျသွားမည့် အရာများ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

တရုတ်နှင့် မြန်မာ ပူးတွဲရင်းနှီးမြှုပ်နှံထားသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် တစ်နှစ်လျှင် အနည်းဆုံး ကီလိုဝပ် နာရီ သန်း ၂၉,၄၀၀ ထွက်ရှိမည် ဖြစ်ပြီး ယင်းစီမံကိန်းမှာ ၂၀၁၉ ခုနှစ်တွင် အစောဆုံး ပြီးဆုံးနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်ပမာဏ ၆,၀၀၀ မဂ္ဂါဝပ် (mw) ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထို စီမံကိန်းအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၌ လုပ်ငန်း ဆိုင်းငံ့ခဲ့သည်။

မြစ်ဆုံ စီမံကိန်းမှာ လုပ်ငန်းစဉ် ခွင့်ပြုချက်များအားလုံး ရရှိထားသည့် စီးပွားရေးဆိုင်ရာ စီမံကိန်း တစ်ခုဖြစ်ပြီး သင့်လျော်သော နည်းလမ်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် နှစ်ဘက် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.