Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော် ၏ နှစ်စဉ်အစည်းအဝေး စတင်

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) (တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော်) အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) (တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော်) သည် ၎င်း၏ လေးကြိမ်မြောက် အစည်းအဝေးပွဲအား ပေကျင်းရှိ ပြည်သူ့ ခန်းမကြီး၌ မတ်လ ၅ ရက် နံနက်ပိုင်း က စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးချုပ် လီခဲ့ချန် က အစည်းအဝေး အဖွင့် ၌ အစိုးရ၏ လုပ်ဆောင်ချက် များကို ပြောကြားခဲ့ပြီး အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း ( Zhang Dejiang) က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေး ဖွင့်ပွဲသို့ ပါတီနှင့် နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖိန်၊ ယွီကျုံ့ရှန်း၊ လျိုယွင်ရှန်း၊ ဝမ်ချီရှန်း၊ ကျန်းကောင်းလိ တို့နှင့် အတူ အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) အဖွဲ့ဝင် ၃,၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)