Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ရာ သဘောတူညီမှု အများအပြား ရရှိ


ဘာလင် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား တို့သည် ဇူလိုင် ၅ ရက်နေ့၌ ဂျာမနီ နိုင်ငံ ဘာလင်မြို့ တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့ မှ နက်ရှိုင်းစွာ ဆွေးနွေး ခဲ့ကြပြီး တရုတ်-ဂျာမနီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် သဘောတူညီမှု အများအပြား ရရှိခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ယခုနှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၄၅ နှစ်ပြည့်နှစ်ဖြစ်ပြီး ၄၅ နှစ်တာ ကာလ အတွင်း နှစ်နိုင်ငံ တို့မှ အပြန်အလှန် လေးစားမှု ကို ထိန်းသိမ်းကာ တူညီသည့် အမြင်များဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် တိုးချဲ့ နိုင်ခဲ့ကာ သဘောတူညီမှု နှင့် အတူတကွ အကျိုးဖြစ်ထွန်းမှု ကိုလည်း အဆက်မပြတ် တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ ၂၀၁၄ ခုနှစ် တွင် နှစ်နိုင်ငံ မှ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး တည်ထောင်ခဲ့ပြီးနောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး သည် အဆင့်မြင့် လည်ပတ်မှု ပုံစံ ဖြစ်လာခဲ့ကြောင်း ၊ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ တို့မှ ကူးလူးဆက်ဆံမှု ရှိကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းလာပြီး ဖလှယ်မှု ကဏ္ဍများ ကျယ်ပြန့်လာကြောင်း ၊ တရုတ်-ဥရောပ ဆက်ဆံရေး ကို ပိုမိုမြင့်မားသည့် အဆင့်သို့ရောက်ရှိအောင် ဦးဆောင် ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ခေတ်ကာလသစ် သို့ရောက်ရှိစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျာမနီ နိုင်ငံ နှင့် အတူတကွ ဘက်စုံပူးပေါင်းဆောင်ရွက်မှု တွင် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်ကာ အားအင်သစ်များ ဖြည့်စွက် သွားလိုပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်း စေလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အတူတကွ တွန်အားပေး ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား တို့ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား တို့ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ထို့ပြင် ရှီကျင့်ဖိန် က လက်ရှိအပြည်ပြည်ဆိုင်ရာ အခြေအနေသည် ရှုပ်ထွေးစွာ ပြောင်းလဲလျက်ရှိပြီး တရုတ် နိုင်ငံ နှင့် ဂျာမနီ နိုင်ငံ တို့မှာ ကမ္ဘာ့အဓိက စီးပွားရေး အသိုက်အဝန်း နှစ်ခု ၊ ကုန်သွယ်ရေး နိုင်ငံကြီး နှစ်ခု ၊ ဒေသတွင်း အရေးပါသည့် နိုင်ငံကြီး နှစ်ခု အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် မဟာဗျူဟာ အနက်အဓိပ္ပါယ်သည် ပိုမိုထင်ရှားစေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု ကို တိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ဘက်စုံကဏ္ဍစုံ ချိတ်ဆက်ကာ ယဉ်ကျေးမှု ဖလှယ်ရေး နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တို့ကို မြှင့်တင်ကာ ပိုမို မြှင့်မားသည့် အဆင့်ဖြင့် တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား က မိမိအနေဖြင့် တရုတ် နိုင်ငံ အပေါ် ကောင်းမွန်သည့် သံယောဇဉ် တည်ရှိပြီး သမ္မတ သက်တမ်း ကာလတလျှောက် ဂျာမနီ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက် ခဲ့ကြောင်း ၊ ပြီးခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ဂျာမနီ-တရုတ် ဆက်ဆံရေး သည် ဖွံ့ဖြိုးတိုးတက်မှု များစွာရရှိခဲ့ပြီး ကဏ္ဍစုံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု သည်လည်း အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် အနီးကယ် ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ G20 စသော အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ သမ္မတ တို့ မတွေ့ဆုံမီ ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား က သမ္မတရုံး ဥယျာဉ် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဧည့်ကြိုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု သို့ တရုတ် နိုင်ငံ မှ သက်ဆိုင်ရာ အရာရှိ တို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.