Connect with us

Politics, Law & Military

လန်ချန်း-မဲခေါင် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သွားမည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဖနွမ်းပင်မြို့တွင် ပြုလုပ်မည့် ချစ်ကြည်ရေးခရီးစဉ်နှင့် လန်ချန်း-မဲခေါင် (LMC) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်း ကြေညာချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Geng Shuang က ဇန်နဝါရီလ ၄ ရက်တွင် ပြောကြားခဲ့သည်။

Geng ၏ အဆိုအရ အဆိုပါ ခေါင်းဆောင်များ အစည်းအဝေး၌ လီသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရမည်ဟု သိရသည်။ အစည်းအဝေးအတွင်း တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံများမှ ခေါင်းဆောင်များသည် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်း တစ်လျှောက် လုပ်ငန်းစဉ်အား သုံးသပ်ခြင်းနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးခြင်းများ ပြုလုပ်မည် ဖြစ်သည်။

တရားဝင် ချစ်ကြည်ရေးခရီးစဉ်လည်း ဖြစ်သည့်အလျောက် လီသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni နှင့် တွေ့ဆုံမည် ဖြစ်သလို ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen နှင့်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဆွေးနွေးသွားမည် ဖြစ်သည်။

လန်ချန်းမြစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Qinghai-Tibet ကုန်းပြင်မြင့်မှ စတင်စီးဆင်းလာခဲ့သည်။ ထို မြစ်အား မဲခေါင်မြစ်ဟုလည်း ခေါ်ဆိုသလို မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများအား ဖြတ်သန်းကာ ပင်လယ်ထဲသို့ စီးဝင်သွားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.