Connect with us

Politics, Law & Military

CPC ကတစ်ကမ္ဘာလုံးအတွက်အခွင့်အ လမ်းများရှာဖွေသွားမည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ကျင်းပပြုလုပ်နေသောတရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့်ကမ္ဘာ့နိုင်ငံရေးပါတီများအဆင့်မြင့်အစည်းအဝေးတွင် CPC ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အခြားမည်သည့်နိုင်ငံ၏ ပုံစံကိုမှထပ်တူပြု၍ဆောင်ရွက်မည်မဟုတ်သလို တရုတ်ကွန်မြူနစ်ပါတီ၏ပုံစံအတိုင်းလည်း နိုင်ငံခြားတိုင်းပြည်များမှပါတီများက ထပ်တူပြုဆောင်ရွက်ရန်တင်ပို့သွားမည်မဟုတ်ကြောင်း၊CPC၏ဆောင်ရွက်မှုပုံစံများကိုသာ နမူနာယူသွားကြရန် တိုက်တွန်းကြောင်း ဒီဇင်ဘာလ ၁ ရက် တွင်ပြောခဲ့သည်။

ရှီ က အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ မှတ်ချက်များကိုပါ ထည့်သွင်းပြောကြားသွားကြောင်းသိရသည်။

၎င်းက တရုတ်ကွန်မြူနစ်ပါတီ သည် တရုတ်ပြည်သူများနှင့်

လူသားထုတစ်ရပ်လုံး၏ အကျိုးစီးပွား အခြေအနေ များ

တိုးတက်မှုအတွက်ဆောင်ရွက်နေကြောင်း ထပ်လောင်း

ပြောကြားခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို

ပိုမိုတိုမြင့်လာစေခြင်းဖြင့် တစ်ကမ္ဘာလုံးအတွက်အခွင့်အ

လမ်းများကို CPC က ပိုမိုဖန်တီးသွားမည်ဟုလည်း ရှီ က

ပြောခဲ့သည်။

CPC သည်ကမ္ဘာပေါ်တွင်အကြီးမားဆုံးနိုင်ငံရေးပါတီဖြစ်

ကြောင်းနှင့် လူသားမျိုးနွယ်အတွက်လူမှုဖွံ့ဖြိုးတိုးတက်မှု

ဥပဒေများကို စူးစမ်းရှာဖွေသွားမည်ဖြစ်ကာ အခြားနိုင်ငံ

များသို့လည်း မျှဝေသွားမည်ဟုရှီကပြောခဲ့သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.