Connect with us

Politics, Law & Military

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကို ပိုမို တင်းကျပ်စွာ လုပ်ဆောင်သွာမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ တရားရုံးချုပ် ၏ လုပ်ငန်း အစီရင်ခံစာတွင် ဖော်ပြထား

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်လျက်ရှိသော လွှတ်တော် အစည်းအဝေး အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်လျက် ရှိသော ၁၂ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် ၅ ကြိမ်မြောက်အစည်းအဝေး တွင် တရုတ် နိုင်ငံ တရားရုံးချုပ် နှင့် ရှေ့နေ့ချုပ်ရုံး ၏ လုပ်ငန်း အစီရင်ခံစာ ကို မတ်လ ၁၂ ရက်နေ့က ဖတ်ကြားစိစစ်ရာတွင် အဂတိ လိုက်စားမှု ကို ပိုမို တင်းကျင်စွာ တိုက်ဖျက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် တရုတ် နိုင်ငံ အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ကော်ပေါရှုံး(Guo Boxiong) ၊ လင့်ကျိဟွ (Ling Jihua) ၊ ဆုရွမ် (Su Rong) စသည့် သြဇာ ကြီးသူများ ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေး အရေးယူ နိုင်ခဲ့ပြီး ပိုင်အိမ်းဖိန် (Bai Enpei) ၏ အဂတိ လိုက်စားမှု ကို စစ်ဆေးရာတွင် လည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ် နိုင်ခဲ့ကြောင်း ၊ လူထု ၏ အကျိုးစီးပွား ကို ထိခိုက်စေသော ပြစ်မှု ကျူးလွန်သူများ ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ယန်ရှုပ်ကျူ စသည့် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားသူ အများအပြား ကိုလည်း ကို ပြန်လည် ဖမ်းဆီး နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

တရားဥပဒေ စိုးမိုးရေး နှင့် တရားဥပဒေ နည်းလမ်း အရ အဂတိ လိုက်စားမှု ကို တိုက်ဖျက်ခြင်းသည် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ပါတီ ကို ပိုမို ကောင်းမွန်အောင် တည်ဆောက်ရေး နှင့် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး အတွက် အလွန် အရေးပါသည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ တရားရုံးချုပ် နှင့် ရှေ့နေရုံးချုပ် အနေဖြင့် ၂၀၁၇ ခုနှစ်တွင် အဂတိ လိုက်စားမှု ကို ပိုမို ပြင်းထန်တင်းကျပ် စွာ တိုက်ဖျက်သွားမည် ဖြစ်ပြီး လက်ရှိဆောင်ရွက်ပြီးစီခဲ့သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်မှု များကို ပိုမို ခိုင်မာ အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပြည်သူလူထု ကို ဒုက္ခရောက်စေသော အဂတိ လိုက်စားသူများကို အဆက်မပြတ် တိုက်ဖျက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေး ကို ပိုမို ထိရောက်အောင် မြှင့်တင်သွားမည် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.