Connect with us

Politics, Law & Military

CPPCC အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌအဖြစ် Leung Chun-ying ရွေးကောက်ခံရ

CPPCC အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသော Leung Chun-ying အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး Leung Chun-ying အား ၁၂ ကြိမ်မြောက် တရုတ် အမျိုးသား နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ယနေ့ (မတ်လ ၁၃ ရက်) က ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။

Leung Chun-ying အား တရုတ်နိုင်ငံ အဆင့်မြင့် နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့ဖြစ်သော CPPCC ပိတ်ပွဲ အခမ်းအနား၌ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Leung သည် ၂၀၁၂ ခုနှစ် မတ်လတွင် ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဇူလိုင်လ ၁ ရက်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ကြောင်းနှင့် ဟောင်ကောင်အနေဖြင့် ယခုနှစ်အတွင်း အုပ်ချုပ်ရေးမှူး အသစ်တစ်ဦး ရွေးကောက်ရမည် ဖြစ်သည်။

Leung သည် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် မိသားစု ကိစ္စကြောင့် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း မနှစ်က နှစ်ကုန်ပိုင်းတွင် ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.