Connect with us

Politics, Law & Military

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံတွင် သမ္မတရှီပြောကြားခဲ့သည့် ခံယူချက်(၄)ရပ်

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံတွင် အဖွင့်အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက်(ဆင်ဟွာ)

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနားကိုကို မေ ၁၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပရာ သမ္မတရှီမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။သမ္မတရှီက ပေါကြွယ်၀ သည့် ယဉ်ကျေးမှုများအကြား အပြန်အလှန်ဖလှယ်ခြင်း၊ သင်ယူဆည်းပူး လေ့လာခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊

ကမ္ဘာပေါ်တွင် မတူကွဲပြားသည့် နိုင်ငံ၊ လူမျိုးနှင့် ယဉ်ကျေးမှုများအကြား အပြန်အလှန် ဖလှယ်သင်ယူလေ့လာခြင်းသည် အာရှ၏ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် ၊လူသားများ၏ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် အခြေခံဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ခံယူချက်(၄)ရပ်ကို လက်ကိုင်ထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ပထမအနေဖြင့် အပြန်အလှန် လေးစားမှုနှင့်တန်းတူညီတူဆက်ဆံရေးကို လက်ကိုင် ထားရှိရန် ၊ဒုတိယအနေဖြင့် သူတစ်ပါးပြည့်စုံကောင်းမွန်အောင် စေတနာထား ဆောင်ရွက်ခြင်းဖြင့် ဘက်စုံအတူပြည့်စုံကောင်းမွန်စေမည့်ခံယူချက်ကို လက်ကိုင်ထားရန်၊ တတိယအနေဖြင့် တံခါးဖွင့် လက်ခံသင်ယူလေ့လာမည့် ခံယူချက်ကို လက်ကိုင်ထားရန်၊ စတုတ္ထအနေဖြင့် ခေတ်အခါနှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးမည့်ခံယူချက်ကို လက်ကိုင်ထားရန် ဖြစ်ကြောင်း သမ္မတရှီက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.