Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ဥရောပအရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်အမှာစကားပြောကြား

တရုတ်နိုင်ငံနှင့် ဥရောပ အရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိမှ အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပ အရှေ့ပိုင်းနှင့်အလယ်ပိုင်း (၇)နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်းတို့အတူ ပူးပေါင်း၍ အောက်တိုဘာ ၁၆ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တက်ရောက်ကာ ချစ်ကြည်ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုကို  ဦးတင်ရှေ့ဆောင်သူ အဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟူသော ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ ချက်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ ၊ ပိုလန်၊ အယ်လ်ဘေးနီးယား စသည့် နိုင်ငံ ၇ နိုင်ငံမှ သံအမတ်ကြီးများ နှင့်တကွ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များအပါအဝင် လူ ၃၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua)