Connect with us

Politics, Law & Military

APEC ညီလာခံတက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ် နှင့် လာအို သို့သွားမည်

တရုတ်နိုင်ငံ သမ္မတ ရှိကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာ ၁၀ ရက်မှ ၁၄ရက် အထိ ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သမ္မတ ရှီသည် ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ နိုဝင်ဘာ ၁၀ ရက်မှ ၁၁ရက်အထိ ပြုလုပ်မည့် ၂၅ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး သို့ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်ကပြောကြားခဲ့သည်။

ရှီသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong၊ ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ လာအိုနိုင်ငံသမ္မတ Bounnhang Vorachit တို့်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ နှင့် လာအို နိုင်ငံသို့ နိုဝင်ဘာ ၁၀ ရက်မှ ၁၄ရက် အထိ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.