Connect with us

Politics, Law & Military

BRICS အဖွဲ့အစည်း က ကမ္ဘာ့လုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်တွင် ဟန်ချက်ညီမှုများ ပိုမို ဖော်ဆောင်ပေးနိုင် ကြောင်း မက္ကဆီကိုသမ္မတ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်(ယာ) နှင့် မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto (ဝဲ) တို့ G20 ထပ်သီးညီလာခံတစ်ခု ၌တွေ့ဆုံစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အုပ်စုကြီးတစ်ခုအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပိုမိုဟန်ချက်ညီစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Enrique Pena Nieto ကပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ လွန်ခဲ့သည့် ၈နှစ် မှ စ၍ နှစ်စဉ် အစည်းအဝေးများ ပြုလုပ်ကာ တွေ့ဆုံဆွေးနွေးခဲ့စဉ်အတည်းက ၎င်းချမှတ်ခဲ့သည့် ရည်မှန်းချက်ပန်းတိုင်များမှ အရေးကြီးသော လုပ်ငန်းစဉ်များကို တွေ့မြင်ခဲ့ရကြောင်း၊ အထူးသဖြင့် စီးပွားရေးနှင့် နိုင်ငံရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှု နိုင်ငံပေါင်းစုံဖိုရမ်များ တွင် တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း မက္ကဆီကိုသမ္မတ က မကြာသေးမီက ဆင်ဟွာသတင်းဋ္ဌာန နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့သည်။

မက္ကဆီကိုသမ္မတ Enrique Pena Nieto သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့အစည်းကြီး၏ ၉ကြိမ်မြောက် အစည်းအဝေးပွဲ ပြင်ပတွင် ပြုလုပ်မည့် ထွန်းသစ်စစီးပွားရေးနိုင်ငံများ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

၎င်းက မက္ကဆီကိုသည် တရုတ်နိုင်ငံနှင့် ထွန်းသစ်စ စီးပွားရေးနိုင်ငံများ အကြား၊ တရုတ်နိုင်ငံနှင့် လက်တင်အမေရိကနိုင်ငံများအကြား တရုတ်နိုင်ငံ ၏ အမျိုးမျိုးသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖော်ဆောင်မှုများ နှင့် တရုတ်နိုင်ငံ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတို့ကို လေးစားတန်ဖိုးထားပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)