Connect with us

Politics, Law & Military

တရုတ်ဘရာဇီးဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန် သဘောတူ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဘရာဇီးနိုင်ငံ သမ္မတ မိုက်ကယ်တီမာ တို့ အား အတူတကွ တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဘရာဇီးနိုင်ငံ သမ္မတ မိုက်ကယ်တီမာ ( Michel Temer) တို့သည် တရုတ် နှင့် ဘရာဇီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်သွားရန် စက်တင်ဘာလ ၁ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဘရာဇီးသမ္မတ တီမာသည် တရုတ်နိုင်ငံသို့သြဂုတ်လ ၃၁ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း တီမာသည် တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျင့်ပြည်နယ် ရှမိန်မြို့၌ စက်တင်ဘာ ၃ ရက် မှ ၅ ရက်အထိ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်ရေး ဆွေးနွေးပွဲများကို တက်ရောက်ရန် ရှိကြောင်း သိရသည်။

ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့ပါဝင်သည့် BRICS အဖွဲ့သည် နိုင်ငံတကာဇာတ်ခုံပေါ်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခုနှစ်အတွက် BRICS ၏ ဥက္ကဋ္ဌ အဖြစ် တရုတ်နိုင်ငံက တာဝန်ယူထား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.