Connect with us

Politics, Law & Military

အရှေ့တောင် အာရှနိုင်ငံရှိ ပညာရှင်များသည် တရားမဝင် နိုင်ငံကူးသူများ အပေါ် တရုတ်နှင့် ထိုင်းနိုင်ငံ၏ ဆောင်ရွက်မှု အား ထောက်ခံ

ထိုင်းနိုင်ငံမှ တရားမဝင် နိုင်ငံကူးသူများ အား တရုတ် နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

လက်တလော ရက်ပိုင်း အတွင်း အရှေ့တောင် အာရှနိုင်ငံ များရှိ ပညာရှင်များနှင့် ဆင်ဟွာ သတင်းဌာနမှ အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် တရုတ် နိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်သွားသူများ အပေါ် တရုတ် နိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ လုပ်ကိုင် ဆောင်ရွက်မှုသည် နိုင်ငံတကာ လုပ်ထုံး လုပ်နည်း နှင့်ကိုက်ညီပြီး အခြားနိုင်ငံ များမှ ဝင်ရောက် စွက်ဖက် ပြောဆိုနေခြင်းသည် အကြမ်းဖက်မှု ကာကွယ် နှိမ်နင်းရေး အပေါ် အနှောက်အယှက် ဖြစ်စေကြောင်း ပြောကြား ခဲ့ကြသည်။

ထိုင်း နိုင်ငံမှ ဇူလိုင်လ ၉ ရက်နေ့က တရုတ် နိုင်ငံသား တရားမဝင် နိုင်ငံကူးသူနှင့် အဖွဲ့သား ၁၀၉ ဦးကို တရုတ် နိုင်ငံ သို့လွှဲပြောင်း ပေးခဲ့သည်။ ထိုအတွင်းမှ ၁၃ ဦးသည် အကြမ်းဖက်မှု ဖြင့် ထွက်ပြေး တိမ်းရှောင်နေသူများဖြစ်ကြသည်။ စုံစမ်း စစ်ဆေးချက်များအရ ၎င်း တရားမဝင် နိုင်ငံကူးသူ များသည် ထိုင်းနိုင်ငံမှ တဆင့် တူရကီ နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဆီးရီးယား နှင့် အီရတ်ရှိ အကြမ်းဖက် အဖွဲ့များ နှင့် သွားရောက် ပူးပေါင်း ကြမည် ဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသား ဖွံ့ဖြိုးရေးဌာန နိုင်ငံတကာရေးရာ ပညာရှင် လီယိမ်ယွင် မှ တရားမဝင် နိုင်ငံ ကူးခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ၊ ၎င်းတို့အတွင်းမှ အကြမ်းဖက်မှု များတွင် ပါဝင် ပတ်သက်သူများ နှင့် ပြစ်မှု ကျူးလွန်သည်ဟု သံသယ ရှိသူများ ပါဝင်ကြောင်း ၊ တစ်ချို့ နိုင်ငံ များသည် အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်ရာတွင် သီးခြား သတ်မှတ်မှု များရှိခဲ့ပြီး တရုတ် နိုင်ငံ နှင့် ထိုင်း နိုင်ငံ၏ အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်မှု အပေါ် ဝေဖန်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ တရားမဝင် နိုင်ငံကူးသူ များကိုလည်း ဒုက္ခသည် ဟူသည့် ခေါင်းစဉ် တပ်ခဲ့ပြီး ပြန်လည် လွှဲပြောင်းပေးမှုကို နည်းအမျိုးမျိုးဖြင့် တားဆီး နိုင်ရန် ကြိုးစား ခဲ့ကြောင်း ၊ ဤသို့ လုပ်ကိုင် ဆောင်ရွက်ပုံသည် အဓိပ္ပါယ်မရှိဘဲ အကြမ်းဖက်မှု နှိမ်နင်းရေး လမ်းစဉ် နှင့်လည်း ကိုက်ညီမှု မရှိကြောင်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ အာဆီယံ-တောင်တရုတ်ပင်လယ် ဖောင်ဒေးရှင်း ဥက္ကဌ မှ အစွန်းရောက် သမားများ အနေဖြင့် အရှေ့တောင် အာရှနိုင်ငံ များမှ တဆင့် အရှေ့အလယ်အပိုင်း ဒေသ ကိုသွားရောက်ကာ အကြမ်းဖက်မှုများ သွားရောက် ဆောင်ရွက်နေသည့် အပိုင်းသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု နှိမ်နင်းရေး ၏ အဓိက တားဆီးရမည့် အပိုင်း တစ်ခုဖြစ်ကြောင်း ၊ အမေရိကန်နှင့် ဥရောပ စသည့် အနောက် နိုင်ငံ များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဟူသည့် မူဝါဒ များကို ကြွေးကြော် ခဲ့ပြီး တရုတ် နိုင်ငံမှ တရားမဝင် နိုင်ငံ ကူးသူ ကိစ္စတွင်မူ လူအခွင့်အရေး ဆိုသည့် မူဝါဒအား ပြန်လည် ကြွေးကြော် လာပြန်ကြောင်း ၊ ၎င်း တရားမဝင် နိုင်ငံကူးသူ များအားလည်း ဒုက္ခသည် ဟူသည့် နာမည်တပ်ကာ တရုတ် နှင့် ထိုင်းနိုင်ငံ တို့၏ ပုံမှန် ဥပဒေ အရ ပူးပေါင်း ဆောင်ရွက်မှုကို လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ဆိုပြီး ပြောဆိုနေခြင်းသည် အလွန် တစ်ဖက်သတ် ဆန်သည့် အပြုအမူ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မလေးရှား နိုင်ငံရှိ ပညာရှင် များမှလည်း အမေရိကန်နှင့် အခြား နိုင်ငံ များအနေဖြင့် တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံ မှ တရားဝင် ပူးပေါင်းဆောင်ရွက်မှု အပေါ် ဝေဖန် ပြစ်တင်နေမည့်အစား အတူတကွ ပူးပေါင်း ၍ သတင်း အချက်အလက် မျှဝေသည့် ပုံစံ ဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး အား အထောက်အကူပြု သွားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)