Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ CIIE က အခွင့်အလမ်းများကို မျှဝေပေးပြီး ကမ္ဘာလုံးဆိုင်ရာ နာလန်ထူမှုကို မြှင့်တင်ပေးကြောင်း ကမ္ဘာ့ခေါင်းဆောင်များပြော

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း အကြီးမားဆုံးပြပွဲများအနက် တစ်ခုဖြစ်ကာ လေ့လာသူ ၄၀၀,၀၀၀ တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ ပြပွဲသည် ကမ္ဘာကြီးနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများ မျှဝေရန်အတွက် ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ရေး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ရုန်းကန်နေရသော ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးကို တွန်းအားဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များက နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသော ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပသော ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံများစွာမှ ခေါင်းဆောင်များက COVID-19 ကပ်ရောဂါက ဆောင်ကြဉ်းလာသော စိန်ခေါ်မှုကို ကျော်လွှားရန်နှင့် CIIE တတိယအကြိမ်မြောက်ကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်သော တရုတ်နိုင်ငံ၏ အောင်မြင်မှုကို ချီးကျူးစကား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသော ချီလီနိုင်ငံ သမ္မတ Sebastian Pinera ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က ယခုနှစ် ပြပွဲသည် ကမ္ဘာတစ်ဝန်းရှိ ပို့ကုန်လုပ်ငန်းရှင်များကို စီးပွားရေးဆိုင်ရာ ကုန်စည်များအတွက် တရုတ်နိုင်ငံ၏ ဈေးကွက်တောင်းဆိုမှုကို ပိုမိုနားလည်စေပြီး တရုတ်နိုင်ငံသို့ ပို့ကုန်များ တိုးချဲ့သွားရန် အထောက်အကူဖြစ်စေကာ ကမ္ဘာ့ကုန်သွယ်ရေးကို မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုရှိသဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအတွက် လူသုံးကုန်များ ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကြီးမားသော သွင်းကုန်ပြပွဲကဲ့သို့ ကျင်းပခြင်းကို ဂုဏ်ယူကြောင်းနှင့် CIIE မှတစ်ဆင့် ကမ္ဘာ့နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဆက်ဆံရေးသည်ပိုမိုနီးကပ်လာစေမည်ဖြစ်ကြောင်း ၎င်းက မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ချီလီနိုင်ငံ သမ္မတ Sebastian Pinera ကလည်း ပြပွဲတက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိတ်ကြားခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ သမ္မတ ရှီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုထားခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban က မိန့်ခွန်း၌ တတိယအကြိမ်မြောက် CIIE သည် ထူးခြားသည့်ကာလတွင် ကျင်းပခြင်းဖြစ်ကြောင်း၊ ကပ်ရောဂါက နိုင်ငံများအနေဖြင့် တစ်ဦးနှင့်တစ်ဦး လေးစားမှုရှိရန်လိုအပ်သည်ဆိုသည့် ပြည်သူများသို့ ပြောကြားလျက်ရှိသလို စိန်ခေါ်မှုများကလည်း စိုးရိမ်ဖွယ်ဖြစ်လာကြောင်း၊ ဟန်ဂေရီနိုင်ငံနေဖြင့် တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းတစ်လျှောက်ရှိ နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာဖြင့် ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကာ ၎င်းမှာ ယခင်ကထက် ပို၍ အရေးပါလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသော ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban ကို တွေ့ရစဉ် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံမှ ပြည်သူများကို အခက်အခဲများ ကျော်လွှားမှုနှင့် တတိယအကြိမ်မြောက် CIIE ကို စီစဉ်ထားသည့်အတိုင်း ကျင်းပမှုအတွက် ကျေးဇူးတင်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းသည် လက်ရှိ စီးပွားရေးပြန်လည်နာလန်ထူမှုအတွက် ကြီးမားသော အရေးပါမှုဖြစ်ကြောင်း၊ အာဖရိကသည် လွတ်လပ်သောကုန်သွယ်မှုဇုန်တစ်ခု တည်ထောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကာလရှည် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး CIIE ကလည်း အာဖရိကနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသောပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်အာဖရိကအနေဖြင့် ယခင် ကျင်းပခဲ့သော CIIE ပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သလို ယခု တတိယအကြိမ်မြောက် CIIE ကိုလည်း အောင်မြင်မှုရရှိပါစေဟု ဆန္ဒပြုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် James Marape က ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေး နာလန်ထူမှုသည် ကမ္ဘာပေါ်ရှိနိုင်ငံများစွာအတွက် အလွန်အရေးပါကြောင်း၊ နိုင်ငံတကာ ကုန်သွယ်မှုအတွက် အရေးပါသောပလက်ဖောင်းတစ်ခုဖြစ်သည့်အားလျော်စွာ CIIE သည် နိုင်ငံများစွာ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခင်းအကျင်းအသစ်တစ်ရပ် ဖွင့်လှစ်ပေးမည်ဖြစ်သလိုလက်ရှိ ခက်ခဲသောအခြေအနေအောက်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် စွမ်းအင်များ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဆာဗီးယားနိုင်ငံ သမ္မတ Aleksandar Vucic ၏ မိန့်ခွန်းတွင်မူ CIIE ပြပွဲတွင် သုံးနှစ်ဆက်တိုက် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း၊ မကြားသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဆာဗီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ငန်းများ စတင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဆာဗီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သောနယ်ပယ်ရှိနေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev က CIIE ကဲ့သို့ ကြီးမားသောပြပွဲတစ်ခုကို ကျင်းပခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးနာလန်ထူမှုကို အပြည့်အဝ ထင်ရှားစွာပြသလျက်ရှိသလို နိုင်ငံတကာ ကုန်သွယ်မှုတွင် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု အရေးပါခြင်းကို မီးမောင်းထိုးပြခြင်းလည်း ဖြစ်ကြောင်း ပြောခဲ့သည်။

စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez ကလည်း စပိန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြော်အမြင်တစ်ခု မျှဝေလျက်ရှိကြောင်း၊ နိုင်ငံတကာကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု ကဲ့သို့သော နယ်ပယ်စုံတွင် လက်ရှိနှင့် အနာဂတ်လိုအပ်ချက်များ ပြည့်မီရန် တည်ငြိမ်၍ ကြိုတင်ခန့်မှန်းနိုင်သော မူဘောင်တစ်ရပ် ထူထောင်ရန် ဆုံးဖြတ်ထားကြောင်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.