Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နှင့် ကာရစ်ဘီယံ ဒေသ သံတမန် ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ များ နှင့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေးကျင်းပ

တရုတ် နိုင်ငံ နှင့် ကာရစ်ဘီယံ ဒေသ သံတမန် ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ များ နှင့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေးကျင်းပ ပြုလုပ်နေစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နှင့် ကာရစ်ဘီယံ ဒေသ သံတမန် ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ များအကြား မေ ၁၂ ရက် တွင် အွန်လိုင်း မှ တစ်ဆင့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့သည်။

အစည်းအဝေးသို့ တရုတ် နိုင်ငံ နှင့် အတူ အန်တီဂွာ နှင့် ဘာဘူဒါ နိုင်ငံ ၊ ဘာဘေးဒိုးစ် ၊ ဗဟားမား ၊ ဒိုမီနီကာ ၊ ဂရီနာဒါ ၊ ဂီနီယာ ၊ ဆူရာနမ် ၊ ထရီနီဒတ် နှင့် တိုဘာဂို ၊ ဂျမေကာ စသည့် နိုင်ငံ ၉ နိုင်ငံ မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပြီး တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ကျိန့်ကျယ်ကွမ်း နှင့် ဒိုမီနီကာ နိုင်ငံခြားရေးဝန်ကြီး DARROUX တို့ က အခန်းအနားမှူး အဖြစ် ဆောင်ရွက် ခဲ့ကြောင်း နှင့် ဒိုမီနီကာ ဝန်ကြီးချုပ် Roosevelt Skerrit က အခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

တရုတ် နိုင်ငံ နှင့် ကာရစ်ဘီယံ ဒေသ သံတမန် ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ များ နှင့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေးကျင်းပ ပြုလုပ်နေစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ကျိန့်ကျယ်ကွမ်း က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ တိုင်ရိုက် ညွှန်ကြားစီမံခန့်ခွဲမှု အောက်တွင် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး စစ်ပွဲ သည် မဟာဗျူဟာ အရ ကြီးမားသည့် အောင်မြင်မှု ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ကာရစ်ဘီယံ ဒေသ အကြား ရေရှည်ဆက်ဆံရေးသည် ချစ်ကြည်ကောင်းမွန်ပြီး ကပ်ရောဂါ တိုက်ဖျက်ချိန်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာရစ်ဘီယံ ဒေသ အား အစွမ်းကုန် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ကာရစ်ဘီယံ ဒေသ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့မှု များအပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို လွန်စွာအလေးထားပြီး တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို ခိုင်မြဲစွာ စောင့်တည်ကြောင်း ၊ ကပ်ရောဂါ ကို နိုင်ငံရေး အသွင်ဆောင်ရွက်ခြင်း ၊ နာမည်ဖျက်ခြင်း နှင့် ခေါင်းစဉ်တပ်ခြင်း တို့ကို ဆန့်ကျင်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ဦးဆောင်မှု ကို ထောက်ခံအားပေးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ စောင့်တည်ကာ တရုတ် နိုင်ငံ နှင့် နိုင်ငံတကာ ၌ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုကြောင်း ပြောကြား ခဲ့သည်။အဆိုပါ အစည်းအဝေးအပြီး တွင် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.