Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အင်ဒိုနီးရှားနိုင်ငံသမ္မတ အား ဂျီ-၂၀ ဆွေးနွေးပွဲ၌ သီးသန့်တွေ့ဆုံ

ဂျီ-၂၀(G-20) အစည်းအဝေး သို့တက်ရောက်လာကြသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို တို့အား ဇွန်လ ၂၈ ရက်က အိုဆာကာ မြို့၌တွေ့ ရစဉ်(ဆင်ဟွာ)

အိုဆာကာ ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ဂျီ-၂၀ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို နှင့် အိုဆာကာ မြို့၌ ဇွန်လ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သမ္မတရှီကျင့်ဖိန်က ၂၀၂၀ ပြည့်နှစ်တွင်နှစ်နိုင်ငံသံတမန်ဆက်ဆံမှုထူထောင်သည်မှာ နှစ် ၇၀ ပြည့် မြောက်ပြီဖြစ်ရာ တရုတ်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် အပြန်အလှန်အကျိုးရှိမှုများနှင့် နှစ်ဖက် အကျိုးရှိစေမည့်ရလဒ်များနှင့်အတူ ဖွံဖြိုးတိုးတက်ရေးအတွက်နှစ်နိုင်ငံလက်တွဲကာ ခေတ်သစ်တွင်အ လားအလာသစ်များကိုဖွင့်လှစ်နိုင်ရေး အားထုတ်သွားသင့်ကြကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတရှီကအရှေ့တောင်အာရှနိုင်ငံများအသင်း၏အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းကာ စမတ်စီတီး များနှင့်ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တို့ ထူထောင်ရန်အတွက်လည်းကောင်း၊နှစ်နိုင်ငံနှင့်ဒေသအတွင်းဖွံ့ ဖြိုးတိုးတက်မှု အတွက် သိပ္ပံပညာ၊နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများကို အဓိကတွန်းအားသစ်များ အဖြစ်ဆောင်ရွက်သွားရေးအတွက်လည်းကောင်း တရုတ်နိုင်ငံကလိုလားပါကြောင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို ကလည်းအင်ဒိုနီးရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြားပူးပေါင်းဆောင် ရွက်မှုရှိသောဆက်ဆံရေးကို၎င်းအနေနှင့်ခိုင်မြဲစေလိုကြောင်း၊ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်ကိုပူးတွဲ အကောင်အထည်ဖေါ်ရေး၊ စီးပွားရေးပိုမိုကောင်းမွန်မှုနှင့်ကုန်သွယ်ရေးဆက်ဆံမှု တို့ဆောင်ရွက်သွား ရေး၊ ဂျာကာတာ-ဘန်ဒေါင်း ရထားလမ်းကဲ့သို့ အဓိကစီမံကိန်းကြီးများအကောင်အထည်ဖေါ်ရေးတို့အတွက် အင်ဒိုနီးရှားကအဆင်သင့်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)