Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန် ဟောင်ကောင်ရှိ အဓိက အခြေခံအဆောက်အဦ စီမံကိန်းများကို လိုက်လံစစ်ဆေး

ဟောင်ကောင် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁ ရက်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ အဓိကအခြေခံအဆောက်အဦများကို လှည့်လည်စစ်ဆေးခဲ့ပြီး ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို တွန်းအားပေးမြှင့်တင်ရန် နှင့် ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတရှီသည် ဟောင်ကောင်- ဇူဟိုင်း(Zhuhai) – မကာအို တို့ကို ဆက်သွယ်ပေးမည့် တံတားစီမံကိန်းသို့သွားရောက် စစ်ဆေးခဲ့ရာတွင် တံတားတည်ဆောက်ခြင်းသည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ ဟောင်ကောင် ၊ မကာအို နှင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ခြေလှန်းတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

တစ်နိုင်ငံ စနစ်နှစ်ခု မူဘောင် အောက်တွင် ဟောင်ကောင် ၊ မကာအို နှင့် Guangdong တို့အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါသော အောင်မြင်မှုကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ထို့ပြင် သမ္မတရှီက စီမံကိန်းများကို အဆင်ပြေပြေ နှင့် ဘေးအန္တရာယ်ကင်းကင်း လုပ်ဆောင်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတရှီသည် ဟောင်ကောင် နိုင်ငံတကာလေဆိပ် ၏ တတိယမြောက်ပြေးလမ်း တည်ဆောက်နေမှုကိုလည်း သွားရောက်စစ်ဆေးခဲ့ပြီး အားလုံးသော ပြိုင်ဆိုင်မှုများကို မြှင့်တင်ရန် နှင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြေးဆွဲနိုင်ရန် ဟောင်ကောင်လေဆိပ် လေယာဉ်ပြေးလမ်းတည်ဆောက်မှုအတွက် ဗဟိုအစိုးရက ထောက်ပံ့ကူညီသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိသည် သုံးရက်ကြာ ခရီးစဉ်အဖြစ် ဟောင်ကောင်သို့ဇွန် ၃ဝ ရက်က ရောက်ရှိခဲ့ပြီး အမိမြေအုပ်ချုပ်မှုအောက်သို့ဟောင်ကောင်ပြန်လည်ရောက်ရှိလာခြင်း နှစ် ၂ဝ ပြည့်အခမ်းအနားနှင့် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ ပဉ္စမအကြိမ်မြောက် သက်တမ်း အပ်နှင်းပွဲ အခမ်းအနားများသို့ တက်ရောက်ရန်အတွက် ဟောင်ကောင်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)