Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန် G20 တက်ရောက်ခြင်း နှင့် စပိန် ၊ အာဂျင်တီးနား ၊ ပနားမား ၊ ပေါ်တူဂီ နိုင်ငံများအလည်အပတ်ခရီးစဉ်ပြီးနောက် ပေကျင်းမြို့သို့ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံသမ္မတသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဗျူနိုအေးရိစ်မြို့၌ ကျင်းပသည့် ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးတက်ရောက်ခြင်း နှင့် စပိန် ၊ အာဂျင်တီးနား ၊ ပနားမား နှင့် ပေါ်တူဂီ နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံသို့ပေကျင်းမြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ရှီနှင့်အတူ ဇနီး ဖုန်းလိယွမ် ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့လည်း အထူးလေယာဉ်နှင့်အတူ ပြန်လည် လိုက်ပါလာခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှ ပေကျင်းမြို့သို့ပြန်လည်ထွက်ခွာမည့်သမ္မတရှီအား ပေါ်တူဂီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Augusto Santos Silva က လစ္စဘွန်းနိုင်ငံတကာလေဆိပ်သို့လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သမ္မတရှီလိုက်ပါလာသော လေယာဉ်ကြီးကို ပေါ်တူဂီဂျက်တိုက်လေယာဉ်နှစ်စင်းက နိုင်ငံလေပိုင်နက်အဆုံးထိ ခြံရံလိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.