Connect with us

Politics, Law & Military

G20 တွင် ပေါင်းစည်းရေးမူဝါဒကို လက်ကိုင်ထား၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်

G20 ထိပ်သီးအစည်းအဝေးပွဲအကြို သတင်းစာရှင်းလင်းပွဲ၌ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Zhu Guanggyao အားတွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး၊စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

G20 အဖွဲ့ဝင်နိုင်ငံများသည် ငွေရေးကြေးရေး၊အခွန်ကောက်ခံရေး နှင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပေါင်းစည်းရေးမူဝါဒကို လက်ကိုင်ထား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးလုပ်ဆောင်သွားကြရန် တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Zhu Guanggyao က စက်တင်ဘာလ ၂ ရက်တွင်ပြောကြားသည်။

G20 နိုင်ငံများမှ ဘဏ်အုပ်ချုပ်ရေးမှူးများ နှင့် ဘဏ္ဍာရေးဝန်ကြီးများအကြား ရရှိထားသော သဘောတူညီချက်ကို G20 ခေါင်းဆောင်များထံ ပြန်လည်သုံးသပ်ရေး အစီရင်ခံစာတင်သွင်းသွားရန် ရှိကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်း G20 ထိပ်သီးအစည်းအဝေးကျင်းပမည့် ဟန်ကျိုးမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Zhu က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် Zhu က ငွေကြေးမူဝါဒတွင် လျော့ရဲနေသည့်အခြေအနေများကြောင့် ငွေရေးကြေးရေး ၊ ဘဏ္ဍာရေး နှင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး များသည် ပေါင်းစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အနောက်နိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် အလွန်အရေးပါသောအခန်းကဏ္ဍတွင် ရှိနေကြောင်း ၊ အချို့ကြွေးမြီ အလွန်မြင့်မားစွာကျန်ရှိနေသည့် နိုင်ငံများအနေဖြင့် ငွေရေးကြေးရေးကဏ္ဍတွင် တက်ကြွစွာပါဝင်နိုင်ခြင်း မရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
G20 အဖွဲ့ဝင်နိုင်ငံများမှ ဘဏ်အကြီးအကဲများ နှင့် ဘဏ္ဍာရေးဝန်ကြီးများသည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် အားအင်ပြည့်ဝသည် မူဝါဒဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုကို ဖော်ဆောင်ရန်လည်း သဘောတူညီခဲ့ကြောင်း Zhu က ဆက်ပြောသည်။
ကမ္ဘာ့ဝယ်လိုအား ကျဆင်းနေခြင်းမှာ စီးပွားရေး ပြန်လည်ဦးမော့လာရန် အဓိကကြုံတွေ့နေရသော စက်မှုကဏ္ဍ စွမ်းဆောင်ရည် လွန်ကဲသည့် ပြဿနာရပ်ဖြစ်ကြောင်း ၊ အဆိုပါ ကမ္ဘာ့စိန်ခေါ်မှုတစ်ခုအတွက် ညီညီညွတ်ညွတ် ပူပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စက်မှုစွမ်းဆောင်ရည် လွန်ကဲနေသည့် အခြေအနေကို လျှော့ချရန် ဈေးကွက်စည်းမျဉ်းစည်းကမ်းကို မျက်ခြေမပြတ် ဂရုပြုနေကြောင်း Zhu က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.