Connect with us

Politics, Law & Military

G20 ၏ သမိုင်းဝင် နေ့ရက်များ

G20 အဖွဲ့ဝင်နိုင်ငံများ၏ အလံများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

“ တီထွင်ဖန်တီးမှု၊ ခွန်အားမျှဝေမှု၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် ကမ္ဘာ့စီးပွားရေးတွင်အားလုံးပါဝင်ခြင်းကို ရှေးရှုခြင်း ” ဆောင်ပုဒ်ဖြင့် ၁၁ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဟန်ကျိုးမြို့၌ စက်တင်ဘာလ ၄ ရက် မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယခင်ကျင်းပခဲ့သော G20 ဆွေးနွေးပွဲများက ချမှတ်ထားသော တီထွင်ဖန်တီးမှု ၊ ပြုပြင်ပြောင်းလဲမှု နှင့် အသစ်တိုးတက်ဖြစ်ပေါ်မှုစသည့် ရည်ရွယ်များကို အပြည့်အဝ အကောင်အထည်ဖော်သွားရန် ဖြစ်သည်။

နိုင်ငံတကာငွေကြေးလည်ပတ်မှုပုံစံဖြင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလာစေရန် ရည်ရွယ်ပြီး G20 အဖွဲ့ကို ၁၉၉၉ ခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်းခဲ့သည်။
ကျင်းပပြီးစီးခဲ့သည့် G20 ထိပ်သီးအစည်းအဝေးပွဲများ အကျဉ်းကို အောက်ပါအတိုင်း ဖော်ပြလိုက်သည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် မှ ၁၅ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ G20 ခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများခိုင်မာစေရေး အလေးထားဆွေးနွေးသည့် ညီလာခံကို ကျင်းပခဲ့ပါသည်။
၂ဝဝ၉ ခုနှစ် ဧပြီလ ၂ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ G20 ခေါင်းဆောင်များသည် ဒုတိယအကြိမ်တွေ့ဆုံပြီး ကမ္ဘာ့စီးပွားရေးကျဆင်းနေခြင်းကို ရှောင်လွှဲနိုင်ရန် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပေါ် ဦးစားပေးလုပ်ဆောင်မည့် ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ပါသည်။
၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက် မှ ၂၅ ရက်အထိ အမေရိကန်နိုင်ငံ Pittsburgh ၌ G20 ခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေး နှင့် ဘဏ္ဍာရေးအကျပ်အတည်းမှ စဉ်ဆက်မပျက် ပြန်လည်နလံထူရေးနှင့် အနာဂတ်တွင် တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။
၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၂၆ ရက် မှ ၂၇ ရက်အထိ ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ G20 ခေါင်းဆောင်များ၏ လေးကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ဟန်ချက်ညီစွာဖွံ့ဖြိုးရေး နှင့် ခိုင်မာသည့် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဘောင်တစ်ခုအစပြုလုပ်ဆောင်ရန် “ ပြန်လည်နလံထူခြင်း နှင့် အသစ်တဖန်စတင်ခြင်း ” ဆောင်ပုဒ်ဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၁ဝ ရက် မှ ၁၁ ရက်အထိ တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့၌ G20 ခေါင်းဆောင်များ၏ ၅ ကြိမ်မြောက် အစည်းအဝေးကို “ အကျပ်အတည်းကြားက ဖွံ့ဖြိုးတိုးတက်အောင် မျှဝေကြမယ် ” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပါသည်။ ကမ္ဘာ့စီးပွားရေးဖွံံ့ဖြိုးတိုးတက်လာအောင် မည်သို့မည်ပုံ ဦးဆောင်ဦးရွက် ပြုမည်ကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက် မှ ၄ ရက်အထိ ပြင်သစ်နိုင်ငံ ကိန်းမြို့၌ G20 ခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန် နှင့် အမြင့်ဆုံးတင်းမာနေချိန်တွင် ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်စေရေး နှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာစေရေး များအတွက် ဆွေးနွေးခဲ့ကြပါသည်။
၂ဝ၁၂ ခုနှစ် ဇွန်လ ၁၈ ရက် မှ ၁၉ ရက်အထိ မက္ကဆီကိုနိုင်ငံ လောစ်ကဘော့စ်(Los Cabos) မြို့၌ G20 ခေါင်းဆောင်များသည် ဥရောပဇုံအကျပ်အတည်း နှင့် ကုန်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ ငွေကြေးစနစ်များ အ ပါအဝင် အခြားကမ္ဘာ့အရေးပြဿနာများကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။
၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၆ ရက်အထိ ရုရှားနိုင်ငံ စိန့်ပီတာစပတ်(St.Petersburg) မြို့၌ G20 ခေါင်းဆောင်များ၏ ၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် မှ ၁၆ ရက်အထိ သြစတြေးလျနိုင်ငံ ဘရစ်ဘိန်း(Brisbane) မြို့၌ ၉ ကြိမ်မြောက် G20 အစည်းအဝေးကို ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအတွက် အရည်အသွေးပြည့်ဝသောအလုပ်အကိုင်ရရှိရေး နှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရေး အတွက် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးလုပ်ဆောင်ခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် မှ ၁၆ ရက်အထိ တူရကီနိုင်ငံ အနာတလ်ရ (Anatalya) မြို့၌ G20 ခေါင်းဆောင်များတွေ့ဆုံပြီး အားလုံးအကျိုးခံစားခွင့်ရရှိစေရန် ဟန်ချက်ညီညီ နှင့် စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုပူးပေါင်းပါဝင်ပြီး ခိုင်မာအောင်လုပ်ဆောင်သွားကြရန် ကတိပြုခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.