Connect with us

Politics, Law & Military

G20 ထိပ်သီးအစည်းအဝေး ကျင်းပမည့် ဟန်ကျိုးမြို့အကြောင်းတစေ့တစောင်း

G20 ထိပ်သီးအစည်းအဝေး ကျင်းပမည့် တရုတ်နိုင်ငံ ဟန်ကျိုးမြို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး၊စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် G20 ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့၌ စက်တင်ဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ဟန်ကျိုးမြို့သည် ကမ္ဘာ့အထင်ကရမြို့ကြီးများစာရင်းဝင် တရုတ်နိုင်ငံထဲက မြို့တစ်မြို့ဖြစ်ပြီး မြို့ အနောက်ပိုင်းရှိ သဘာဝရေကန်မှာ အထူးကျော်ကြားလူသိများပါသည်။ ၎င်းမြို့သို့ကမ္ဘာ့တစ်ဝန်းရှိ ထင်ရှားကျော်ကြားသူများစွာ လာရောက်လည်ပတ်ခဲ့ကြသလို အလွန်အရေးကြီးသော သမိုင်းဝင် နေ့ရက်ပေါင်းများစွာကိုလည်း မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။
ဟန်ကျိုးမြို့သို့အထင်ကရခေါင်းဆောင်များလာရောက်လည်ပတ်ခဲ့ကြသည်ကိုလည်း အောက်ပါအတိုင်းတွေ့ရသည်။

G20 ထိပ်သီးအစည်းအဝေး ကျင်းပမည့် တရုတ်နိုင်ငံ ဟန်ကျိုးမြို့အားတွေ့ရစဉ်(ဆင်ဟွာ)
ကွယ်လွန်သူ တရုတ်နိုင်ငံဝန်ကြီးချုပ်(ဟောင်း) ချူအင်လိုင်း နှင့်အတူ သမ္မတနစ်ဆင်သည် ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် မှ ၂၇ ရက်အထိ ဟန်ကျိုးမြို့ကိုသွားရောက်လည်ပတ်ပြီး ရှန်ဟိုင်းကြေညာချက်ကို သဘောတူထုတ်ပြန်ခဲ့ပါသည်။အဆိုပါ ကြေညာချက်ကို ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရှန်ဟိုင်းမြို့၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နောင်ဆယ်နှစ်အကြာသောအခါ နစ်ဆင်သည် ဟန်ကျိုးမြို့သို့ထပ်မံသွားရောက်လည်ပတ်ခဲ့ပြီး ဟန်ကျိုးမြို့အား ရှန်ဟိုင်းကြေညာချက်မွေးဖွားရာ နေရာဟု ဂုဏ်ပြုပြောဆိုခဲ့သည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တည်ထောင်ရန် သမိုင်းဝင် စာရွက်စာတမ်းများ ပေးအပ်ခဲ့ရာ မြို့လည်းဖြစ်သည်။

အီတလီနိုင်ငံသား ကမ္ဘာ့ခရီးသွားလာသူ မာကိုပိုလိုက ဟန်ကျိုးမြို့အား “ လောကနိဗ္ဗာန်ဘုံ” ဟု တင်စားခေါ်ဝေါ်ခဲ့ပြီး ဟန်ကျိုးမြို့ရှိ အိမ်ရာတည်ဆောက်ပုံအသေးစိတ်မှာ အလွန်လှပတင့်တယ်ကြောင်း နှင့် ကမ္ဘာ့အခမ်းအနားဆုံးမြို့ကြီးဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။ ထို့ပြင် ကုန်လှောင်ရုံများ နှင့် ကြီးကျယ်ခမ်းနားသော ဈေးများ ရှိသလို ပိုးထည်များမှာလည်း ခေတ်နှင့်အညီ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို ဖန်တီးပေးနိုင်ကြောင်း ထည့်သွင်းရေးသားထားပါသည်။
အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော်ကဗျာဆရာ ရာဘင်ဒြာနတ်တဂိုးသည် ၁၉၂၄ ခုနှစ် ဧပြီလတွင်ဟန်ကျိုးမြို့သို့ရောက်ရှိခဲ့သည်။ ၎င်းသည် မြို့အတွင်းရှိ အိန္ဒိယဘုန်းတော်ကြီးတည်ထောင်ခဲ့သည့် Lingyin ဘုရားကျောင်းအား သွားရောက်လည်ပတ်ခဲ့ပြီး အနောက်ပိုင်းရေကန်ကိုလည်း လှေဖြင့် လည်ပတ်ခဲ့ပါသည်။

G20 ထိပ်သီးအစည်းအဝေး ကျင်းပမည့် တရုတ်နိုင်ငံ ဟန်ကျိုးမြို့အားတွေ့ရစဉ်(ဆင်ဟွာ)
အဆိုပါ ခရီးစဉ်တွင် တဂိုးက အိန္ဒိယယဉ်ကျေးမှုများကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီးဖြစ်ကြောင်း နှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအပြန်အလှန်ဖလှယ် ပို၍ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိသျှ အတွေးအခေါ်ပညာရှင် Bertrand Russell သည် ၁၉၂၀ ပြည့်နှစ်အောက်တိုဘာလတွင် ဟန်ကျိုးမြို့သို့နှစ်ရက်ကြာ အလည်အပတ်လာရောက်ခဲ့ပါသည်။၎င်း၏ ကိုယ်ရေးမှတ်တမ်းတွင် အနောက်ပိုင်းရေကန်၏ အလှတရားကို ဖော်ကျူးထားပြီး တရုတ်နိုင်ငံသည် အီတလီနိုင်ငံထက်ပို၍ လှပကြောင်း ထည့်သွင်းရေးသားထားသည်။
ဟန်ကျိုးမြို့တွင်ပိုးထည် ၊ လက်ဖက် နှင့် ကြွေထည် အများအပြားထွက်ရှိပြီး ရှေးဟောင်း ရေကြောင်းပိုးလမ်းမ၏ အရေးကြီးသော ကုန်သွယ်မှုဆိပ်ကမ်းမြို့ဖြစ်သည်။
ရေကြောင်းပိုးလမ်းမသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကတည်းကဖြစ်သည်။ ရှေးဟောင်းကုန်သည်များသည် တရုတ်နိုင်ငံအရှေ့ဖက်ကမ်းခြေမှ ရွက်လွှင့်ပြီး အရှေ့တောင်အာရှ ၊ အိန္ဒိယ တောင်ပိုင်း နှင့် အာဖရိကအရှေ့ပိုင်းကို ဖြတ်ကျော်၍ ပါရှန်းပင်လယ်ကွေ့နှင့် မြေထဲပင်လယ်ထိ စီးပွားရေးကုန်သွယ်မှု နှင့် ယဉ်ကျေးမှုဖလှယ်ရေးများပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံသည် ရှေးဟောင်းရေကြောင်းပိုးလမ်းမကို ပြန်လည်ဖော်ထုတ်နေပြီး အဆိုပါဖြစ်စဉ်တွင် ဟန်ကျိုးမြို့သည် အရေးပါသောအခန်းကဏ္ဍ၌ ပါဝင်နေပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.