Connect with us

Politics, Law & Military

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyễn Tấn Dũng တွေဆုံရာတွင် ပင်လယ် ရေကြောင်း ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ပြောကြား

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyễn Tấn Dũng တို့ ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့တွင်တွေ့ဆုံကြစဉ် (ဆင်ဟွာ)

ဟနွိုင်း ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် တို့သည် ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့တွင် နိုဝင်ဘာ ၅ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် ဆွေးနွေး ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး နှစ်နိုင်ငံ ရှေးယခင် ခေါင်းဆောင်များ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ မိတ်ဆွေ ဆက်ဆံရေး ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ စလုံးသည် ကွန်မြူနစ် စနစ် ကျင့်သုံးသည့် နိုင်ငံများ ဖြစ်ကြသဖြင့် နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ အခြေအနေ မည်သို့ ပြောင်းလဲ စေကာမှု နှစ်နိုင်ငံ အနေဖြင့် ရေရှည် မဟာဗျူဟာ အမြင်ဖြင့် ခိုင်မြဲစွာ ပူးပေါင်း ဆက်ဆံရေးကို စောင့်တည်ကာ နှစ်နိုင်ငံ ပြည်သူလူထု၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပေးဆပ် သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံ အခြေခံအဆောက်အအုံ တည်ဆောက်မှု တွင် ကူညီ ထောက်ပံ့သွားမည် ဖြစ်ပြီး ဗီယက်နမ် နိုင်ငံက လည်း တရုတ် နိုင်ငံမှ ဗီယက်နမ် နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အဆင်ပြေ စေရန် ဆောင်ရွက်ပေး လိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ပင်လယ်ရေကြောင်း ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ကာ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyễn Tấn Dũng မှ တရုတ် နိုင်ငံ သမ္မတ အနေဖြင့် ဗီယက်နမ် နိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် အတွက် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး အတွက် လွန်စွာတွန်းအား ပေးနိုင်ခဲ့သည့် ဆောင်ရွက်မှု တစ်ရပ် ဖြစ်စေခဲ့ကြောင်း ၊ ကျွန်တော့ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် အတွက် အကြံပြုချက်များကို ထောက်ခံကြောင်း ၊ ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ ဗီယက်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ ဖော်ဆောင်သည် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း အား ထောက်ခံကြောင်း ၊ ဗီယမ်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု အတွက် အဆင်ပြေ စေမည့် ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် နားလည်မှု ရှိသည့် ဒေသတွင်း ဆက်ဆံရေး ပုံစံ ဆောင်ရွက်ကာ ဒေသတွင်း အချို့ ကိစ္စရပ်များကို ပူးပေါင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.