Connect with us

Politics, Law & Military

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး တို့တွေ့ဆုံပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေးအား တိုးမြှင့် သွားရန် သဘောတူညီမှုရရှိ

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng တို့ နိုဝင်ဘာလ ၅ ရက်က ဟနွိုင်း မြို့တွင် တွေ့ဆုံကြစဉ် (ဆင်ဟွာ)

ဟနွိုင်း ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ၊ ဗီယက်နမ် နိုင်ငံ ကွန်မြူနစ် ပါတီ နှင့် နိုင်ငံတော်၏ အမြင့်ဆုံး ခေါင်းဆောင် Nguyễn Phú Trọng တို့သည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့တွင် တွေ့ဆုံ ခဲ့ကြပြီး တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ပူးပေါင်းဆက်ဆံရေးအား တိုးမြှင့် သွားရန် သဘော တူညီမှုရရှိ ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင် ခေါင်းဆောင်ကြီး တို့၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ ညီအကို သူငယ်ချင်း ပုံစံ ရရှိခဲ့ဲခြင်း ဖြစ်ကြောင်း ၊ ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ တည်ထောင်မှု ၈၅ နှစ်ပြည့်မြောက်ခြင်း နှင့် ဗီယက်နမ် နိုင်ငံ တည်ထောင် နိုင်ခဲ့ခြင်း နှစ် ၇၀ ပြည့်မြောက်ခြင်း တို့အား ကြိုဆို ဝမ်းမြောက်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးတွင် သဘောတူညီချက်များအား လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန် က တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု အတွက် အချက် ၇ ချက်အား ပြောကြား ခဲ့သည် ။ ၎င်းတို့မှာ (၁) နိုင်ငံရေး ဆိုင်ရာ ကဏ္ဍ များတွင် ပိုမို ပူးပေါင်း ဆောင်ရွက်သွားရန် (၂) နှစ်နိုင်ငံ ပါတီ အချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရန် (၃) ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ များအား အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်သွားရန် (၄) နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားရန် (၅) နှစ်နိုင်ငံ ချစ်ကြည်ရေး ဆောင်ရွက်မှုများ တိုးမြှင့် သွားရန် (၆) ပင်လယ်ရေကြောင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားရန် (၇) အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်သွား ရန်တို့ ဖြစ်ကြသည်။

ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng က တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ရာ ၆၅ နှစ် ပြည့်မြောက်သော နှစ်တွင် ဗီယက်နမ် နိုင်ငံသို့ လာရောက် လည်ပတ်သည့် အတွက် အလွန် အရေးပါသော ခရီးစဉ် ဖြစ်စေခဲ့ကြောင်း ၊ ဗီယက်နမ် နိုင်ငံ ပါတီ နှင့် အစိုးရ အဖွဲ့တို့မှ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်ရာတွင် ရရှိခဲ့သော အောင်မြင်မှု များအပေါ် ဝမ်းမြောက်ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး အနေဖြင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်ကာ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံ ပါတီများအကြား အပြန်အလှန် ချစ်ကြည်ဖလှယ်မှု၊ လမ်းပန်း ဆက်သွယ်ရေး ၊ ခရီးသွားလုပ်ငန်း ၊ ကုန်ထုတ်လုပ်မှု ၊ ယဉ်ကျေးမှု ၊ မီးရထား ၊ စွမ်းအင် ၊ ငွေကြေးဆိုင်ရာ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စသော ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်သွားရန် လက်မှတ် ရေးထိုးခြင်း အခမ်းအနား ကို တက်ရောက်ခဲ့သည်။ (Xinhua)