ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ဆက်လက်နေထိုင်ပြီး ထိန်းထိန်းသိမ်းသိမ်းပြုမူခြင်းကို ကျင့်သုံးကာ အမြန်ဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး၍ အပစ်အခတ်ရပ်စဲမှု ဆောလျင်စွာရရှိရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။ မကြာသေးမီက အာဖဂန်နစ္စတန်-ပါကစ္စတန်ပဋိပက္ခများနှင့်ပတ်သက်သည့်...
ပဲရစ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေသစံတော်ချိန် မတ် ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်ရေးဆွေးနွေးမှု ကိုယ်စားလှယ်နှင့် ဒုတိယ ဝန်ကြီး လီချိန်ကန်းက...
ဟနွိုင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်-ဗီယက်နမ် သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေး “3+3” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို မတ် ၁၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်၊...
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ပိုမိုကြီးမားသော သက်ရောက်မှုမရှိစေရန်အတွက် စစ်ဆင်ရေးများ ချက်ချင်းရပ်တန့်ရန်နှင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းမှ ရှောင်ရှားရန် ဘက်အသီးသီးကို တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မတ် ၁၆ ရက်၌ ပြောကြားခဲ့သည်။...
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်နှင့်စပ်လျဉ်း၍ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်သွယ်ဆွေးနွေးမှုများ ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ယနေ့ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ သက်ဆိုင်ရာမေးမြန်းမှုအား...
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ၁၀ ကြိမ်မြောက် နယ်စပ်ကာကွယ်ရေး ချစ်ကြည်ရင်းနှီးမှုဖလှယ်ပွဲကို မတ်လလယ်တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၅ ရက်၌ ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သည် ပွင့်လင်း၍ လက်တွေ့ကျသောစိတ်ဓာတ်ဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းက နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။ ယင်းမှာ တရုတ်-ဥရောပသမဂ္ဂ (EU) ဆက်ဆံရေး အခိုင်အမာတိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ...
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အီရန် မူလတန်းကျောင်းတွင် သေဆုံးခဲ့သော ကျောင်းသူများအတွက် အလွန်ပင်ဝမ်းနည်းကြောင်းနှင့် သေဆုံးခဲ့သော ကျောင်းသူများ၏ မိဘများအပေါ် စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း၊ သေဆုံးခဲ့သော ကျောင်းသူများ၏ မိဘများအား ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်ထောက်ပံ့မှုများအတွက် သီးသန့်အသုံးပြုရန် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အီရန် လခြမ်းနီအသင်းထံ...
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် မတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ Amir Khan Muttaqi က အာဖဂန်နစ္စတန်၊...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရုံး၏ အတွင်းရေးမှူးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့သည် ဗီယက်နမ်နိုင်ငံ၏ ဖိတ်ကြားချက်အရ သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ တရုတ်-ဗီယက်နမ် “3+3”...