ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် တားရစ်ရာမန်ထံ ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို ဖေဖော်ဝါရီ ၁၇ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် လီက တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုသမိုင်းကြောင်းရှည်ကြာသလို အစဉ်အလာ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၁၆ ရက်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ မိတ်ဆွေများထံသို့ ပြန်စာနှင့်တကွ နှစ်သစ်ကူးနွေဦးဆုတောင်းကတ်ကို လက်ဆောင်အဖြစ် ပြန်လည်ပေးပို့ကာ ပွဲတော်ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄၁ နှစ်မတိုင်မီက မိမိသည် အိုင်အိုဝါပြည်နယ်သို့ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ရာ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) နွေဦးပွဲတော်ခရီးသွားရာသီအတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ စိတ်ချသေချာမှုရှိစေရေး လုပ်ငန်းခွင်ဘေးကင်းရေး၊ လူမှုအခြေအနေတည်ငြိမ်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်အသွေး တိုးတက်ရေး၊ ပြည်သူများအတွက် အေးချမ်းပျော်ရွှင်သော အားလပ်ရက်ကာလဖြစ်စေရေးအတွက် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဖေဖော်ဝါရီ ၁၄ ရက်က အလေးထားမှာကြားခဲ့ကြောင်း သိရသည်။
မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်၍ စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်ရေးအတွက် ကနေဒါနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ရေးသားသော တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးလုပ်ငန်းဆောင်တာ အဓိကတာဝန်များဆိုင်ရာ ဆောင်းပါးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ပုံနှိပ်ဖော်ပြမည်ဖြစ်ကြောင်း သိရသည်။
မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဥရောပတို့အကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၏ မောင်းနှင်အားနှင့် နှစ်ဖက်အကြား မဟာဗျူဟာမြောက်ဆက်ဆံရေး တည်ငြိမ်အောင် ထိန်းသိမ်းပေးသည့် ကျောက်ဆူး ဖြစ်လာရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၄ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာဖရိကသမဂ္ဂ (AU) ဥက္ကဋ္ဌ၊ အန်ဂိုလာနိုင်ငံ သမ္မတ Joao Lourenco နှင့် အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Mahmoud Ali Youssouf ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ၃၉ ကြိမ်မြောက် AU...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မြင်းနှစ်ဖြစ်သည့် တရုတ်နှစ်သစ်ကို ကြိုဆိုသောအားဖြင့် နှစ်သစ်ကူး နွေဦးပွဲတော် နှုတ်ခွန်းဆက်စကားကို မြို့တော်ပေကျင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည့် ဧည့်ခံပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း (NSFC) ၏ လုပ်ငန်းစဉ်များအပေါ် မကြာသေးမီက အရေးကြီးလမ်းညွှန်ချက်များ ပေးအပ်ခဲ့ရာ တရုတ်နိုင်ငံ အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း (NSFC)...
မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို အားကောင်းစေရန်၊ တစ်ဖက်သတ်ဝါဒနှင့် အုပ်စုထိပ်တိုက်ရင်ဆိုင်မှုအား ပူးတွဲဆန့်ကျင်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၃ ရက်၌ တိုက်တွန်းခဲ့သည်။