Connect with us

Science & Technology

နိုင်ငံအဆင့် အဏ္ဏဝါဥယျာဉ်အသစ် ၉ ခုထပ်မံဖွင့်လှစ်ကြောင်း တရုတ်ကြေညာ

တရုတ်နိုင်ငံရှိ အဏ္ဏဝါဥယျာဉ်တစ်ခုတွင် လင်းပိုင်ငယ်အား ခံတွင်းသန့် ရှင်းရေးပြုလုပ်ပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နိုင်ငံအဆင့် အဏ္ဏဝါဥယျာဉ်အသစ် ၉ ခုကို ထပ်မံဖွင့်လှစ်ကြောင်း နှင့် စုစုပေါင်း အဏ္ဏဝါဥယျာဉ်အရေအတွက်မှာ ၄၂ ခုထိ ရှိလာပြီးဖြစ်ကြောင်း တရုတ်နိုင်ငံသမုဒ္ဒရာဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့(SOA) က အောက်တိုဘာလ ၃ ရက်တွင် ကြေညာလိုက်သည်။

အသစ်ထပ်မံဖွင့်လှစ်လိုက်သော အဏ္ဏဝါဥယျာဉ်များမှာ လျိုနင် ၊ ရှန်တုံ ၊ ဖုကျင့် ၊ ကွမ်တုံ နှင့် ဟိုင်နန်မြို့များတွင် တည်ရှိကြောင်း SOA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဏ္ဏဝါဥယျာဉ်များတည်ရှိရာပြည်နယ်ရှိ အာဏာပိုင်အဖွဲ့အစည်းများအား ဥယျာဉ်များကို နယ်နိမိတ် စတင်ကန့်သတ်ရန် နှင့် ဥယျာဉ်များ၏ နယ်နိမိတ်ဝင်းကို ပြောင်းလဲခြင်း(သို့မဟုတ်) သတ်မှတ် ပြင်ဆင်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း နှင့် ရေအောက် စိုက်ပျိုးမှုများကို ဥယျာဉ်ဇုံများအတွင်း လုပ်ဆောင်ချိန်တွင် အဏ္ဏဝါဗေဒပတ်ဝန်းကျင် ကာကွယ်ရေး အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း SOA က ဆိုသည်။

တရုတ်နိုင်ငံ၌ နိုင်ငံအဆင့်အဏ္ဏဝါဥယျာဉ်များကို ၂ဝ၁၁ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ ကမ်းခြေခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးရေးကို တွန်းအားပေးရန် နှင့် အဏ္ဏဝါဗေဒ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် ကမ်းခြေတွင် အများပြည်သူ အနားယူအပန်းဖြေနိုင်သည့် နယ်မြေပိုမိုဖန်တီးပေးရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း SOA က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.