Connect with us

Science & Technology

တရုတ်နိုင်ငံက လူလိုက်ပါသည့် Shenzhou-11 အာကာသယာဉ် အောက်တိုဘာ ၁၇ တွင် လွှတ်တင်မည်

Shenzhou-11 အာကာသယာဉ် နှင့်အတူလိုက်ပါသွားမည့် အာကာသယာဉ်မှူး နှစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ကျူချွမ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လူလိုက်ပါသည့် Shenzhou-11 အာကာသယာဉ်အား အောက်တိုဘာ ၁၇ ရက် ပေကျင်းစံတော်ချိန် နံနက် ရး၃၀နာရီတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ၏ အာကာသအတွင်း လူသားများသွားရောက်မှု အစီအစဉ် ပြောရေးဆိုခွင့်ရှိသူ က အောက်တိုဘာ ၁၆ တွင်ပြောကြားခဲ့သည်။

အဆိုပါ အာကာသယာဉ် သည် ကျင်းဟိုင်ဖန် နှင့် ချန်တုံး အမည်ရှိ အမျိုးသားအာကာသယာဉ်မှူး နှစ်ဦး အား သယ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အာကာသအတွင်း လူသားများသွားရောက်မှု ဆိုင်ရာ အင်ဂျင်နီယာရုံး ဒုတိယညွှန်ကြားရေးမှူး ဝူပင်း က ကျူချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ယင်း အာကာသယာဉ် အား Long March-2F ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ဝူကပြောကြားခဲ့သည်။

Shenzhou-11 အာကာသယာဉ်သည် ဂြိုဟ်ပတ်အာကာသဓါတ်ခွဲခန်း Tiangong-2 နှင့် ၂ရက်အတွင်း ချိတ်ဆက်သွားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများသည် အဆိုပါဓါတ်ခွဲခန်း၌ ရက်၃၀ကြာ နေထိုင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်.။

ထို့သို့နေထိုင်ပြီးနောက် Shenzhou-11 အာကာသယာဉ်သည် Tiangong-2မှ ခွဲထွက်လာကာ ကမ္ဘာမြေဆီကို တစ်ရက်အတွင်း ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ဝူက ထပ်မံပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.