Connect with us

Science & Technology

တရုတ်နိုင်ငံ လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ပထမဆုံး နျူကလီးယား စက်ရုံ စတင် လည်ပတ်

တရုတ်နိုင်ငံ လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အနက် တစ်ခုတွင် တည်ရှိသော ပထမဆုံး နျူကလီးယား စွမ်းအင် စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုကို ဇန်နဝါရီလ ၁ ရက်က စီးပွားဖြစ် စတင် လည်ပတ် ခဲ့ကြောင်း သိရသည်။

ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ Fangchenggang နျူကလီးယား စွမ်းအင် စက်ရုံ၏ နံပါတ် ၁ အဏုမြူ ဓာတ်ပေါင်းဖိုသည် လျှပ်စစ်ဓာတ်အား တစ်နေ့ကို ကီလိုဝပ် နာရီ ၂၄ သန်း ထုတ်ပေးနိုင်ပြီး မြို့အလတ်စား တစ်ခု၏ လျှပ်စစ်လိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ စက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကွမ်ချိန်က ပြောသည်။

ထိုအမှတ် ၁ အဏုမြူ ဓာတ်ပေါင်းဖိုကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင် လည်ပတ်ခဲ့ပြီး ဓာတ်ပေါင်းဖို အမှတ် ၂ ကိုမူ ၂၀၁၆ ခုနှစ် ဒုတိယ နှစ်ဝက်တွင် စတင် လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဂေါင်က ပြောကြားခဲ့သည်။

အဆိုပါ ဓာတ်ပေါင်းဖို နှစ်ခုသည် ပြည်တွင်း ဂျီဒီပီအား ယွမ် ၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ) ထောက်ပံ့ပေးနိုင်ပြီး နှစ်စဉ် အလုပ်အကိုင် အသစ်ပေါင်း ၆၄,၀၀၀ ဖန်တီး ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။ ကျောက်မီးသွေး သုံးစွဲမှုအား တန် ၄.၈၂ သန်းအား လျှော့ချပေးနိုင်သလို ကာဗွန်ဒိုင် အောက်ဆိုဒ် တန် ၁၁.၉ သန်းခန့် နှစ်စဉ် လျှော့ချပေးနိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံသည် လက်ရှိနှစ်များအတွင်း နျူကလီးယား စွမ်းအင် တိုးတက်မှု အလျင်အမြန် ရှိလာခဲ့သော်လည်း ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ၏ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ဘေးအန ္တရာယ်ဖြစ်ခဲ့ပြီး နောက်ပိုင်း စီမံကိန်း အသစ်များအား ခွင့်ပြုမှု ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ တည်ဆောက်ရေး စီမံကိန်းများသည် ၂၀၁၄ ခုနှစ် မတိုင်မီ အထိ ပြန်လည် စတင်ခြင်း မပြုခဲ့ပေ။
လတ်တလော၌ တရုတ် နိုင်ငံသည် စွမ်းဆောင်ရည် ကီလိုဝပ် ၂၅.၅ သန်း လည်ပတ်နိုင်ပြီး ၂၀၂၀ ခုနှစ်တွင် နျူကလီးယား စွမ်းအင် ကီလိုဝပ် ၅၈ သန်း အထိ တိုးချဲ့ တပ်ဆင်နိုင်ရန် စီစဉ်ထားသလို ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်များမှ ထုတ်လွှတ်သည့် လေထု ညစ်ညမ်းမှု လျှော့ချခြင်းနှင့် ကတိပြုထားသည့် အတိုင်း ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်းအား လိုက်နာရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.