Connect with us

Science & Technology

တရုတ်လူမျိုး တစ်ဦးမှ တန်ဖိုးနည်း လေသန့်စင်စက် တီထွင်ထုတ်လုပ်

ကျန်းချောင်း လေသန့်စင်စက်အားတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာလ ၁၉ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှ တရုတ်အမျိုးသားတစ်ဦးသည် ရှန်ဟိုင်း လေထုညစ်ညမ်းမှုအား လျှော့ချနိုင်ရန် အတွက် တန်ဖိုးနည်း လေသန့်စင်စက် အား တီထွင်ထုတ်လုပ်ခဲ့ပြီး ယင်း လေသန့်စင်စက်သည် ဈေးကွက်၌ ရောင်းချနေသည့် တန်ဖိုးကြီး လေသန့်စင်စက်များထက် လုပ်ဆောင်ချက် များ ပိုမိုပါဝင်ကြောင်း သိရသည်။

ကျန်းချောင်းအမည်ရှိ အဆိုပါ လေသန့်စင်စက်သည် ဈေးနှုန်းအားဖြင့် ၄၆၂ အမေရိကန် ဒေါ်လာ သာ ကုန်ကျပြီး အခြား လေသန့်စင် စက်များကဲ့သို့ အခန်းတွင်း လေထုထဲရှိ ညစ်ညမ်းစေသည့် အရာများအား စစ်ထုတ်ပေးပြီး ၎င်းလေများအား အခန်းတွင်းသို့ ပြန်လည် လှည့်ပတ်စေသည့် စနစ်ကို အသုံးမပြု ဘဲ အခန်းတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော လေထုညစ်ညမ်းစေသည့် အရာများ ရောနှောနေသည့် လေထုအား သန့်စင်သည့် ပြင်ပလေ ဖြင့် အစားထိုးသည့် စနစ်ကို အသုံးပြုထားကြောင်းသိရသည်။

လေသန့်စင်စက်အားတီထွင်ထုတ်လုပ်သူ ကျန်းချောင်းက သာမန်လေသန့်စင်စက်များသည် အခန်းအတွင်းရှိ လေကို အပြင်သို့ မထုတ်လွှတ်ဘဲ အတွင်း၌သာ ပြန်လည် လှည့်ပတ်စေသည့် စနစ်ကို အသုံးပြုထားသော ကြောင့် အန္တရာယ် ဖြစ်စေသည့် လေထုသည် အတွင်း၌ သာ ကျန်ရှိနေသောကြောင့် ယခုကဲ့သို့ ပြင်ပလေ ကို ပြန်လည်သန့်စင်ပြီး အခန်းတွင်းရှိ လေထုနှင့်အစားထိုးရန် စိတ်ကူးရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းမှ လေသန့်စင်စက် တီထွင် နိုင်ရန် အတွက် နည်းလမ်းများ အား အင်တာနက်မှ ရယူခဲ့ပြီး အခြားသူများအနေဖြင့်လည်း အင်တာနက်ပေါ်မှ နည်းလမ်းများအတိုင်း ကိုယ်ပိုင် လေသန့်စင်စက်များကို တီထွင်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)