Connect with us

Science & Technology

တရုတ်နိုင်ငံ တက္ကသိုလ်တစ်ခု မှ “TiWatch” အမည်ရှိ စမတ်နာရီသစ် တီထွင်ထုတ်လုပ်

တရုတ်နိုင်ငံ တောင်ပိုင်းဗဟို တက္ကသိုလ် သုတေသန အဖွဲ့မှ တီထွင်ထုတ်လုပ်ခဲ့သည့် TiWatch စမတ်နာရီအား မြင်တွေ့ရစဉ်

ဟူနန်၊ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

နောက်ဆုံးပေါ် ဆက်သွယ်ရေး နည်းပညာများနှင့် စမတ် နည်းပညာများကို အသုံးပြု ၍ ဟူနန်ပြည်နယ် တောင်ပိုင်းဗဟို တက္ကသိုလ် မှ သုတေသန အဖွဲ့သည် “TiWatch” အမည်ရှိ စမတ်နာရီအား ဒီဇင်ဘာလ ၁၈ရက်နေ့ က ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။

စမ်းသပ်ချက်များအရ “TiWatch” စမတ်နာရီ၏ ဘက်ထရီသည် ပုံမှန် အခြေအနေတွင် နာရီပေါင်း ၄၈၀ နာရီ အထားခံနိုင်ပြီး ဖုန်းခေါ်ဆိုမှုနှင့် သာမန်လုပ်ဆောင်ချက်များ အသုံးပြု မည်ဆိုပါက အနည်းဆုံး ၇ရက် အသုံးပြု နိုင်ကြောင်း သိရသည်။

တောင်ပိုင်းဗဟို တက္ကသိုလ် မှ သုတေသီ လီကျင့်ဘင်း က “TiWatch” စမတ်နာရီသည် စမတ်နာရီ ထဲ၌ ကမ္ဘာပေါ်တွင် ပထမဆုံးစမတ်နာရီ အမျိုးအစား တစ်ခု ဖြစ်ပြီး အဆိုပါ စမတ်နာရီအား မည့်သည့် အဖွဲ့အစည်း နှင့်မှ မပူးပေါင်းဘဲ ၎င်းတို့၏ သုတေသန အဖွဲ့ တစ်ခုတည်း မှ တီထွင်ထုတ်လုပ်ထားကြောင်း သိရသည်။

TiWatch သည် iPhone နှင့် Android ဖုန်း များအပါအဝင် အခြား ဖုန်းများ နှင့် လွယ်သူစွာ ချိတ်ဆက် အသုံးပြုနိုင် ကြောင်း သိရသည်။

အဆိုပါ စမတ်နာရီ အား ၂၀၁၆ခုနှစ် အစောပိုင်းတွင် ဈေးကွက်သို့ တင်ပို့နိုင်မည် ဟုမျှော်လင့်ထား ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.